и посмотреть медиа
Hlaing Info - новости Мьянмы
и посмотреть медиа
Независимые и точные новости для жителей Мьянмы. Поддержка свободы слова, выражения и мысли в актуальных обновлениях.
Независимые и точные новости для жителей Мьянмы. Поддержка свободы слова, выражения и мысли в актуальных обновлениях.
📰 Hlaing Info посвящен bringing unbiased новостей народу Мьянмы. Канал стремится к точности и объективности, освещая ключевые события без искажений.
🗣️ Здесь ценят свободу речи, выражения и мысли. Получайте информацию о политических, социальных и повседневных новостях, чтобы оставаться в курсе происходящего.
🌟 Команда всегда работает над тем, чтобы контент был надежным источником для осведомленных граждан, помогающим лучше понимать ситуацию в стране.
ခိုင်မာသော စိတ်ဓာတ်များကို အခြေခံ၍ လွတ်လပ်ခြင်း၊ ငြိမ်းချမ်းခြင်း၊ တရားမျှတခြင်း နှင့် တန်းတူညီမျှခြင်းတို့အတွက် တိုင်းရင်းသား ပြည်သူလူထုအပေါင်းတို့နှင့်အတူ ဆက်လက်တိုက်ပွဲဝင်သွားကြပါစို့ ။ 💪💪💪 မိဘပြည်သူများ ရန်သူမျိုးငါးပါးမှ အမြန်ဆုံးကင်လွတ်နိုင်ကြပြီး အမြဲတစေ ကျန်းမာချမ်းသာကြပါစေဟု Hlaing Info ဝိုင်းတော်သားများမှ ဆုတောင်းမေတ္တာပို့သအပ်ပါသည်။🙏🙏🙏 သတင်းတင်ဆက်မှုကို ဒီမှာတင်ရပ်နားပါမည်။ မိဘပြည်သူ့များအားလုံး ကောင်းစွာ အိပ်စက်အနားယူနိုင်ပြီး အိမ်မက်လှလှ မက်ပါစေ ❤️❤️❤️ Good night ပါခင်ဗျာ။ #HlaingInfo
Открыть канал и посмотреть медиаကျောက်ဖြူတွင် စစ်တပ် အထိနာ၍ စစ်အင်အား ရာချီဖြည့်တင်း၊ တရုတ် ဒရုန်းနည်းပညာအဖွဲ့ လေဆိပ်၌ စခန်းချ လှုပ်ရှားနေ ဩဂုတ် ၁၂ ရက် ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ်အတွင်း ရွေးတုအစိုးရစစ်တပ်နှင့် အာရက္ခတပ်တော် (AA) တို့အကြား တိုက်ပွဲများ ပြန်လည်ကျယ်ပြန့်လာနေပြီး စစ်တပ်ဘက်မှ ထိခိုက်သေဆုံးသူ များပြားနေ သဖြင့် စစ်အင်အား အလုံးအရင်း ဖြည့်တင်းလျက်ရှိကြောင်း သတင်းရင်းမြစ်များထံမှ သိရသည်။ ပြီးခဲ့သည့် ဩဂုတ် ၁၁ ရက်က ကျောက်ဖြူလေဆိပ်၌ တရုတ်နိုင်ငံမှ ဒရုန်းနည်းပညာအကူ အဖွဲ့များ ရောက်ရှိ စခန်းချထားကြောင်း သိရပြီး မြို့၏ ၁၂ မိုင်ခန့်အကွာတွင် စစ်တပ်နှင့် AA တို့ စစ်ဆိုင်ထားကြောင်း Little Rabbit ထံမှ သိရသည်။ "ဒရုန်းနည်းပညာအဖွဲ့တွေ ထပ်တိုးလာတယ်လို့တော့ သိတယ်။ ဘယ်အဖွဲ့တွေလဲဆိုတာ အတိအကျ သိရဖို့ ခက်တယ်။ လေဆိပ် ပြန်ပြီး အလုပ်လုပ်ကတည်းက လေတပ်စခန်းပုံစံ လုပ်ထားတာ။ ဂျိုင်ရိုကော်ပတာ တွေလည်း စုဖွဲ့ထားတယ်" ဟု ကျောက်ဖြူ သတင်းရင်းမြစ်က ဧရာဝတီတိုင်းမ်ကို ပြောသည်။ ထို့ပြင် ရွေးတုအစိုးရစစ်တပ်သည် ပြီးခဲ့သည့် ဩဂုတ် ၂ ရက်မှစ၍ ခလရ- ၅၄၂၊ ၅၄၃ တပ်ရင်း များမှတစ်ဆင့် အမှတ် (၃၂) ရဲတပ်ရင်းနှင့် မလကျွန်းကျေးရွာဘက်သို့ စစ်အင်အား ရာချီကို ဆက်တိုက် ဖြည့်တင်းနေကြောင်း ဒေသတွင်း သတင်းများအရ သိရသည်။ ရွေးတုအစိုးရစစ်တပ်သည် တပ်ဖွဲ့ဝင်များကို စစ်သုံးကားများဖြင့် တင်ဆောင်ကာ တစ်ရက်လျှင် အနည်းဆုံး စစ်ကား နှစ်စီးခန့် စေလွှတ်နေပြီး ထိခိုက်သေဆုံးမှု များပြားနေသည့် စစ်ကြောင်းများကို အစားထိုးရန်ဖြစ်ကြောင်း သိရသည်။ လက်ရှိတွင် ကျောက်ဖြူမြို့နယ် တောင်မော်ဦး ရေတပ်အနီး၌လည်း တိုက်ပွဲများ ဆက်လက်ဖြစ်ပွား နေပြီး ဒေသတွင်း စစ်ရေးတင်းမာမှုများ ဆက်လက် မြင့်တက်လျက်ရှိသည်။ ထို့အပြင် မင်းပြင်နှင့် ဇိုင်ချောင်းဘက်တွင်လည်း ထိတွေ့ဖြစ်စဉ်များ ရှိနေပြီး တိုက်ပွဲဧရိယာ ကျယ်ပြန့်လာသည်နှင့်အမျှ ရွေးတုအစိုးရစစ်တပ်၏ လူအင်အား လိုအပ်ချက်မှာလည်း ကြီးမား လာသဖြင့် ယခုကဲ့သို့ စစ်အင်အားများ ဆက်တိုက် ဖြည့်တင်းလာခြင်း ဖြစ်သည်။ ဓာတ်ပုံ-ရွေးတုအစိုးရစစ်တပ်(ပုံဟောင်း) #AYAT #HlaingInfo
Открыть канал и посмотреть медиаလွိုင်ကော်မြို့နယ်က စစ်ရှောင်စခန်းကို စစ်တပ် အသေခံဒရုန်းနဲ့ တိုက်ခိုက်၊ စစ်ရှောင် ၂ဦး သေဆုံး ဩဂုတ်လ ၁၂ ရက် ကရင်နီပြည်နယ်၊ လွိုင်ကော်မြို့အရှေ့ဘက်မှာရှိတဲ့ စစ်ရှောင်စခန်းကို စစ်တပ်က အသေခံဒရုန်းနဲ့ တိုက်ခိုက်တာကြောင့် စစ်ရှောင် ၂ ဦး သေဆုံးခဲ့တယ်လို့ အရေးပေါ်ကူညီကယ်ဆယ်ရေး ပူးပေါင်းဆောင်ရွက်မှုအဖွဲ့ (ကရင်နီ) - CTERက ဒီကနေ့ ထုတ်ပြန်ပါတယ်။ အဲဒီတိုက်ခိုက်မှုက ဩဂုတ် ၁၁ ရက် ညနေပိုင်းမှာဖြစ်ပွားခဲ့ပြီး စစ်တပ်က စစ်ရှောင်စခန်းကို အသေခံဒရုန်းဗုံး ၃လုံး ကြဲချတိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။ တိုက်ခိုက်မှုကြောင့် စစ်ရှောင် အမျိုးသမီး ၁ဦးနဲ့ အမျိုးသား ၁ဦး စုစုပေါင်း ၂ ဦး သေဆုံးခဲ့ပြီး အမျိုးသား ၂ဦးလည်း ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ အသိပေးပါတယ်။ ပြီးခဲ့တဲ့ ဩဂုတ် ၈ ရက်ကလည်း စစ်တပ်က ဒီးမော့ဆိုမြို့နယ် အနောက်ခြမ်းကို လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် အရပ်သား အမျိုးသား ၁ဦး သေဆုံးခဲ့ပါတယ်။ ဒါ့အပြင် ဖရူဆိုမြို့အနောက်ခြမ်း ဒေါကူလယ်ကျေးရွာကို ဩဂုတ် ၄ ရက် ညပိုင်းမှာ ဒရုန်းနဲ့ ၂ကြိမ် တိုက်ခိုက်ခံရတာကြောင့် ၆လသားကလေးငယ်အပါအ၀င် စစ်ရှောင်မိသားစု ၅ဦး သေဆုံးခဲ့ရပါသေးတယ်။ စစ်တပ်ရဲ့ လေကြောင်းကနေ ကင်းထောက်လှမ်းမှုနဲ့ တိုက်ခိုက်မှုတွေ ပိုများလာလို့ စာသင်ကျောင်းတချို့ကိုပါ ပိတ်ထားရပါတယ်လို့ CTERက အသိပေးပါတယ်။ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ကရင်နီပြည်နယ်မှာ စစ်ရှောင်ပြည်သူ ၃သိန်း၀န်းကျင်ရှိပြီး ၇၀၀ ကျော် သေဆုံးထားပါတယ်။ (လွိုင်ကော်မြို့အရှေ့ဘက်မှာရှိတဲ့ စစ်ရှောင်စခန်းကို စစ်တပ်က အသေခံဒရုန်းနဲ့ တိုက်ခိုက်အပြီး ပျက်စီးမှုများ။ ဓာတ်ပုံ − CTER-Karenni) #LNO #HlaingInfo
Открыть канал и посмотреть медиаOnly registered users can share their opinion.
Be the first to share your impression of this resource!
Updates onCOVID-19 in German: world news, statistics and important events in a convenient format.
Campaign to Protect Ukrainian Sky: News, Updates and Calls for Solidarity
Canalswith a variety of content: news, memes and everyday updates for a wide audience.