Logo
TGCATALOG
Catalog Collections Blog
Nay Zin Latt - новости

Nay Zin Latt - новости

Nay Zin Latt: канал с новостями, событиями и анализом. Регулярные публикации.

No ratings
11
09.09.2026
11
09.09.2026
No ratings
11
09.09.2026
Safe redirect via bot
О канале

Nay Zin Latt: канал с новостями, событиями и анализом. Регулярные публикации.

Подписчиков 72,416
Тематика News
Язык English
Ссылка t.me/nayzinlatt2023
Description

🗞️ Nay Zin Latt - канал с разнообразными новостями и событиями. Фокус на актуальных темах: политика, культура, происшествия и повседневные обновления.

📢 Публикации включают репортажи, мнения и эксклюзивы, собранные из надежных источников. Быстрые сводки помогают ориентироваться в информационном потоке.

🌟 Подходит для тех, кто ищет свежий взгляд на события. Содержание живое и информативное, с акцентом на ключевые аспекты современной повестки.

Latest posts

Nay Zin Latt - новости
Nay Zin Latt - новости
🔒Открыть пост
и посмотреть медиа
. ☯️ အမြဲယှဉ်တွဲနေသောစေတသိက် (၇) ပါး စေတသိက်ဟူသည် စေတသိက ဟူသော ပါဠိမှ ဆင်းသက်လာသည့် ပါဠိပျက်စကားဖြစ်သောကြောင့် စေတသိက်ဟူ၍ 'ကသတ်'ဖြင့် ရေးပြီး "စေတသိတ်"ဟု အသံထွက်ပါသည်။ မြတ်ဗုဒ္ဓ၏ အဘိဓမ္မာအရ စိတ်ကို မှီတွယ်၍ စိတ်ကို ချယ်လှယ်တတ်သည့် သဘောကို စေတသိက်ဟု ခေါ်ပါသည်။ (ဧကုပ္ပါဒ)စိတ်နှင့်အတူဖြစ်ခြင်း၊ (ဧကနိရောဓ) စိတ်နှင့် အတူချုပ်ခြင်း၊ (ဧကာလမ္ဗဏ) စိတ်နှင့်အာရုံတူခြင်းနှင့် (ဧကဝတ္ထုက) စိတ်နှင့်မှီရာ တူခြင်းတို့သည် စေတသိက်၏ အင်္ဂါရပ်အမျိုးအစား များဖြစ်ကြသည်။ စေတသိက် (၅၂) ပါးအနက် အမြဲတန်းယှဉ်တွဲနေသော စေတသိက်များကို သဗ္ဗစိတ္တသာဓာရဏ စေတသိက် (၇) ပါး ဟု ခေါ်ဆိုသည်။ ၄င်းတို့သည် (စိတ် "၈၉"ပါး သို့မဟုတ် "၁၂၁"ပါးလုံးတို့တွင်) အမြဲမပြတ် ပါဝင်ယှဉ်တွဲ ဖြစ်ပေါ်နေသော သဘောတရားများ ဖြစ်သည်။ သဗ္ဗစိတ္တသာဓာရဏ စေတသိက် (၇) ပါး စာရင်း • ဖဿ (ထိခိုက်မှုသဘော) • ဝေဒနာ (ခံစားမှုသဘော) • သညာ (မှတ်သားမှုသဘော) • စေတနာ (တိုက်တွန်းစေ့ဆော်မှုသဘော) • ဧကဂ္ဂတာ (အာရုံတစ်ခုတည်း၌ တည်ကြည်မှုသဘော - သမာဓိ) • ဇီဝိတိန္ဒြိယ (နာမ်တရားတို့ကို စောင့်ရှောက်ထိန်းသိမ်းသော ဇီဝိတဣန္ဒြေ) • မနသိကာရ (အာရုံသို့ စိတ်ကိုရှေးရှုစေတတ်သော သဘော) BaMg ☯️ . Ссылка скрыта
Nay Zin Latt - новости
Nay Zin Latt - новости
🔒Открыть пост
и посмотреть медиа
. ☯️ တချိန်တခါ ဘုန်းမီးနေလ တောက်ပစဉ်အခါက အဓိက စစ်မျက်နှာကြီး (၂) ခုကို တပြိုင်နက် ရင်ဆိုင်ပြီး အနိုင်ယူနိုင်အောင် အဆင်သင့်အနေအထားရှိခဲ့တဲ့ အမေရိကန်ဟာ.... ဇာတာ စန်းလဂ်ညှိုးနွမ်းတဲ့အချိန်မှာတော့ ဆုံးဖြတ်ချက်တွေ လွဲချင်တိုင်းလွဲပြီး... အီရန်စစ်လေးကတောင် မနည်းထွက်ခွာနှိုင်အောင်လို့ ကြိုးစားနေရပါပရောလား❓ လောကဓံဆိုတာဟာ တဦးတယောက်ချင်းလောက်တော့မပြောနဲ့.. ကမ္ဘာ့နံပါတ် (၁) စူပါ ပါဝါနိုင်ငံတောင် မလွတ်အောင်ခံကြရတာ၊ လာမဲ့ (28.8.26) မှာ လကြပ်မယ် Nov ကြားဖြတ်ရွေးကောက်ပွဲ ရလဒ် ဘယ်လိုဖြစ်လာမလဲဆိုတာ နက္ခတ်နဲ့ ကြိုကြည့်ထားရင်တောင် အဖြေကထွက်ပြီးသားပါ၊ BaMg ☯️ . Ссылка скрыта
Nay Zin Latt - новости
Nay Zin Latt - новости
🔒Открыть пост
и посмотреть медиа
. ☯️ ( ရပြီးရင်းရတဲ့ သံဝေဂတွေပါလား ) ဒီနေ့ စည်းဝေးတခုအပြီးပြန်မယ်လုပ်တော့- " ဆရာကျန်းမာရေးကောင်းတယ်မှုတ်လား၊ Tele မှာရေးထားတာတွေ့လိုက်ရတယ် " " So far so good ပေါ့လေ " " ဆရာမောင်ဆွေသက် အသုဘလိုက်ပို့ဦးမလား " " ဟာ.... မသိသေးဘူးဗျ " ဘယ်လိုမှမထင်မိ ပြီးခဲ့တဲ့ရက်ပိုင်းလေးတင်၊ ပခုက္ကူဦးအုန်းဖေစာပေဆုပေးပွဲမှာ ဘေးချင်းကပ်ထိုင်ခဲ့ပြီး၊ အဘကနောက်ပြောင်နေခဲ့သေးတယ်၊ ဆုပေးပွဲအပြီး နောက် စည်းဝေးပွဲမတိုင်ခင် ဝန်ကြီးရယ်၊ အဘရယ် ဘမောင်ရယ် သုံးယောက်သား ထိုင်စကားပြောဖြစ်ကြသေးတယ်၊ ဘမောင်က အသက် (၉၁) နှစ်ရှိတဲ့ အဘကို - " အဘတပ်ထဲဝင်ချိန်မှာ ကျွန်တော် လူ့လောကထဲရောက်တာ တနှစ်သားပဲရှိသေးတယ် " အလွန်ဖေါ်ရွေတဲ့ဝန်ကြီးကလဲ... " ကျွန်တော်ဆို မွေးတောင်မမွေးသေးဘူး အဘ " အဘ စာရေးဆရာကြီး မောင်ဆွေသက် သုဂတိဘုံမှာ ငြိမ်းချမ်းစွာ နိုင်ငံနဲ့လူမျိုးကို ဆက်ချစ်နေမှာပါ စာတွေကိုလဲဆက်ချစ်နေမှာပါ စစ်တွေကိုလဲ ဆက်တိုက်ပေးနေဦးမှာပါ ......... မနေ့က ဆုံးသွားတဲ့ တပါတ်စဉ်ထဲ သူငယ်ချင်း မွန်ကြီးတင်အေး အသုဘကိုလိုက်ပို့ဖြစ်တယ်၊ RIT ကသူငယ်ချင်း အမျိုးသား၊ အမျိုးသမီးတွေကိုလဲ အများကြီးတွေ့လိုက်ရသလို... အပါတ်စဉ် (၆၀)(၆၁) ကအငြိမ်းစား အဖိုးကြီးတွေကိုလဲ တစုတစည်းထဲ ဆုံခွင့်ရလိုက်တယ်၊ ပြန်မယ်လုပ်တော့ ကကယာ ညွှန်မှုးဟောင်း ဗမခ ဝင်းအောင်တင့် ကိုတွေ့တာနဲ့နှုတ်ဆက်ဖြစ်ရသေးတယ်၊ ဘမောင် ကျောင်းပြီး ဘွဲ့မယူရသေးခင်မှာ GE-4 တပ်မှုး မှုးမောင်မောင် ( BC- 8430 ) က ဘမောင်ကို အရပ်သားအနေနဲ့ ကကယာ G-2 မှုးတင်ထွန်းခင် ( BC- 7*** ) အောက်မှာ ပိသုကာအနေနဲ့ စပြီးအလုပ်လုပ်စေခဲ့တယ်၊ အဲ့ဒီထဲက မှုးမောင်မောင်အောက် AGE ဗကဝင်းအောင်တင့် ကိုစသိကျွမ်းခဲ့တာပါ၊ ဘမောင်အငြိမ်းစားယူတော့ ဆရာသမားက ကကယာညွှန်မှုး ( မှုးချုပ် ) ဖြစ်လာပါတယ်၊ မွန်ကြီးက GE-4 မှာ မှုးဝင်အောင်တင့် တပ်မှုးဖြစ်ချိန် AGE ဖြစ်ခဲ့တယ်နဲ့တူရဲ့ ( ခပ်မေ့မေ့ ) ၊ နောက်တော့ မွန်ကြီးတို့ကတပ်မှုးတွေဖြစ်၊ ဆရာက ညွှန်မှုးဖြစ်ပေါ့၊ လွန်ခဲ့တဲ့ (၄၅) နှစ်ကျော်က ပုံရိပ်တွေပြန်ပေါ်လာတယ်၊ အားလုံး နုနုပျိုပျိုတွေ ၊ အခုတော့လဲ... သူငယ်ချင်းက အရင်သွား၊ ဆရာကလိုက်ပို့၊ ဒီတလော တရားသဘောတွေချည်းဆက်တိုက်တွေ့နေရပါလား ပူပူနွေးနွေး ဆေးစစ် ရလဒ်ကောင်းလေးကိုတောင် ဝမ်းသာဖို့ သတိမရနှိုင် လောက်အောင် လောကကြီးက တရားတွေပေးနေလိုက်တာနော် ။ BaMg ☯️ ( 21.8.26 )( 2896 ) .
Nay Zin Latt - новости
Nay Zin Latt - новости
🔒Открыть пост
и посмотреть медиа
. ☯️ " ဇာလွှာပါး ၏အခြားတဖက် (၁၆)" မူလဇာတာ ကောင်းဖို့ကအဓိက ( Natal strength ) ပါ၊ ငှက်လိုဆိုရင် မူလဇာတာကောင်းတာက ကိုယ်ပိုင်အတောင်ရှိသလိုပဲ၊ လေပြင်းထန်လဲ ကိုယ်ပိုင်အတောင်ရှိတော့ ထိမ်းလို့ရတယ်၊ အဆိုးဆုံး ကတိမ်းကပါး မဖြစ်ဘူး၊ ရှောင်နိုင်တယ်၊ တချို့ကောဇာအပေးမှာ အကျိုးပေးကြီးကြတယ်၊ ဘာနဲ့တူသလဲဆိုရင် လေပြင်းအဝှေ့ သစ်ရွက်ခြောက်လေးတွေ လေဟုန်စီးခွင့်ရလိုက်သလိုမျိုး၊ကောဇာကုန်လို လေငြိမ်တဲ့အခါ အောက်ပြန်ကျကြရတာ ဓမ္မတာပဲ၊ လေဒါဏ်နဲ့ ကျဒါဏ်ကြောင့် ဘဝတွေပျက်သွားတာပဲအဖတ်တင်လိုက်တယ်၊ မူဇာတာကောင်းသူတွေက ကောဇာအစီးအနင်းကောင်းချိန်နဲ့ ဆုံရင် အပေါ်လဲရောက်သွားနိုင်သလို ကောဇာ Transit ကာလကုန်ရင်လဲ ကိုယ်ပိုင်အတောင်ရှိတာမို့ ဆက်လက်ပျံသန်းနိုင်ကြတယ်၊ ဒါကြောင့် မူလဇာတာ ဘယ်လောက်ခိုင်သလဲဆိုတာကို အရင်စစ်ကြည့်သင့်တယ်၊ ကောဇာကြောင့်ဆိုရင် သိပ်မကြွယ်သင့်ဘူး၊ အကျနာတယ်၊ မူလဇာတာ အားကောင်းကြသူတွေကျတော့လဲ သိပ်မကြွယ်ကြပြန်ဘူး၊ ရေပြည့်အိုး လိုပေါ့၊ ကောဇာအကျိုးပေးကုန်ကြတော့မဲ့သူတွေကိုတွေ့နေရတယ်နော် အကုသိုလ်တွေ သိပ်မလုပ်ကြနဲ့ မူလဇာတာသိပ်ကောင်းကြတာ မဟုတ်ဘူး BaMg ☯️ . Ссылка скрыта
Nay Zin Latt - новости
Nay Zin Latt - новости
🔒Открыть пост
и посмотреть медиа
. ☯️ ဇာလွှာပါး ၏အခြားတဖက် ( ၉ ) ( Ego vs Self-respect ) မြန်မာအများစု မတိုးတက်တာ အပေါ်ယံအသိနဲ့ " တတ်ယောင်ကား" လူတွင်ကျယ်လုပ်ကြတာပဲ၊ Knowledge level ( ဗဟုသုတအသိ ) ကို Wisdom level ( ထိုးထွင်းသိ ) နဲ့မှားယွင်းကြလေ့ရှိတယ်၊ ကြိုးဝိုင်ပေါ်လဲတက်ရော မနဲ နှာနှပ်ပြီး ထမ်းစင်နဲ့ပြချလိုက်ရသလိုမျိုး၊ နာရီဝက်လောက်စကားပြောကြည့်ရင်ကိုသိနိုင်ပါတယ်၊ လူအများစုက Ego (အတ္တ၊ မာန ) နဲ့ Self-respect (ကိုယ့်ကိုယ်ကို လေးစားတန်ဖိုးထားမှု) ကို ရောထွေးတတ်ကြပါတယ်။ တကယ်တော့ နှစ်ခုက အပြုအမူတူတူလို ထင်ရပေမယ့် အတွင်းစိတ် (Mindset – စိတ်သဘောထား) က လုံးဝကွာခြားပါတယ်။ Ego (အတ္တ၊ မာန) နဲ့ Self-respect (ကိုယ့်ကိုယ်ကို လေးစားတန်ဖိုးထားမှု) ဘာကွာသလဲ ⁉️ 1. Ego (အတ္တ၊ မာန) ဆိုတာဘာလဲ? Ego (အတ္တ၊ မာန) ဆိုတာက “ငါက ပိုတော်တယ်၊ ပိုမှန်တယ်၊ ပိုအရေးကြီးတယ်” လို့ ကိုယ့်ကိုယ်ကို အလွန်အကျွံမြင်တဲ့ စိတ်သဘောထား ဖြစ်ပါတယ်။ Ego ရှိတဲ့သူဟာ - Recognition (အသိအမှတ်ပြုခံရခြင်း) ကို အမြဲလိုချင်တယ်။ Praise (ချီးကျူးမှု) မရရင် စိတ်မကျေနပ်ဘူး။ Criticism (ဝေဖန်မှု) ကို မခံနိုင်ဘူး။ အမှားလုပ်မိရင် မဝန်ခံချင်ဘူး။ အနိုင်ယူချင်စိတ် (Need to win – အမြဲနိုင်ချင်စိတ်) များတယ်။ Ego ရဲ့ အခြေခံအတွေး “ငါက အခြားသူထက် ပိုကောင်းရမယ်" " ငါ့ကသာ အတော်ဆုံး " " ငါ့နေရာ အစားထိုးနိုင်မဲ့သူမရှိဘူး " 2. Self-respect (ကိုယ့်ကိုယ်ကို လေးစားတန်ဖိုးထားမှု) ဆိုတာဘာလဲ ⁉️ Self-respect (ကိုယ့်ကိုယ်ကို လေးစားတန်ဖိုးထားမှု) ဆိုတာက- ကိုယ့်ရဲ့ တန်ဖိုး (Value – တန်ဖိုး) ကို ကိုယ်တိုင်သိပြီး၊ ကိုယ့်ကိုယ်ကို မနှိမ့်ချသလို မမြှောက်လည်း မမြှောက်ဘဲ ဂုဏ်သိက္ခာ (Dignity – ဂုဏ်သိက္ခာ) နဲ့ နေထိုင်နိုင်ခြင်း ဖြစ်ပါတယ်၊ ( သိက္ခာနဲ့တန်ဘိုးကိုအထိခိုက်မခံလိုခြင်းသာ) Self-respect ရှိတဲ့သူဟာ အမှားလုပ်မိရင် ဝန်ခံတယ်။ မသင့်တော်တဲ့ ဆက်ဆံမှုကိုတော့ လက်မခံဘူး။ အခြားသူကိုလည်း လေးစားတယ်။ အောင်မြင်မှုကို ကြွားဝါမနေဘူး၊ ဒါပေမဲ့ဂုဏ်ယူတတ်တယ် ။ ကိုယ့်ရဲ့ စည်းမျဉ်း (Boundary – ကိုယ်ပိုင်ကန့်သတ်ချက်) ကို ထိန်းတယ်၊ သူများအစော်ကားမခံဘူး၊ ကိုယ်ကလဲ စည်းမကျော်ဘူး ။ Self-respect ရဲ့ အခြေခံအတွေး “ငါ့ကိုယ်ငါ တန်ဖိုးထားသလို အခြားသူကိုလည်း တန်ဖိုးထားတယ်။” ☘️ Ego နဲ့ Self-respect ကို နှိုင်းယှဉ်ကြည့် ရင်... ဥပမာ (၁) အလုပ်မှာ Boss (အထက်လူကြီး) က “ဒီ Report (အစီရင်ခံစာ) မှာ အမှားရှိတယ် ” လို့ ပြောရင် - Ego သမားက - “ကျွန်တော် မမှားဘူး" “အဲဒါ တခြားသူကြောင့် " “Boss က ကျွန်တော့်ကို မကြိုက်လို့။” .... လို့ဆိုပြီး အမှားကို မဝန်ခံဘူး။ Self-respect သမားက - “ဟုတ်ပါတယ်၊ ဒီနေရာမှာ ကျွန်တော် လွဲသွားပါတယ်။” “နောက်တစ်ခါ ပိုကောင်းအောင် ပြင်ပါမယ်။” ကိုယ့်ဂုဏ်သိက္ခာ မကျဘဲ အမှားကို ဝန်ခံနိုင်တယ်။ ဥပမာ (၂) တစ်ယောက်က သင့်ကို မကြိုက်ဘူးဆိုရင်- Ego “သူ ငါ့ကို ဘာလို့ မကြိုက်ရတာလဲ?” Self-respect “လူတိုင်းက ကိုယ့်ကို သဘောကျဖို့ မလိုဘူး။” ဒါပေမဲ့ ကိုယ့်တန်ဖိုးကို မပျောက်စေဘူး။ Relationship (လူမှုဆက်ဆံရေး) မှာ Ego ငါအနိုင်ရမှ ဖြစ်မယ်။ ငါမတောင်းပန်ဘူး။ ငါပဲ မှန်တယ်။ ပုဂ္ဂိုလ်ရေး လိုက်ဝေဖန်လေ့ရှိတယ် ရလဒ်က Conflict (ပဋိပက္ခ) ပိုများတယ်၊ ( ရလဒ်ကောင်းမထွက်သလို၊ ဆက်လက်လေ့လာမှု လုပ်လေ့မရှိတော့ဘူး၊ အတော်ဆုံး အတတ်ဆုံးလို့ သတ်မှတ်ထားလို့ ဆက်လေ့လာဖို့ မလိုတော့ဘူး လို့လဲခံယူထား၊ သူ့ဆီက ဘာမှ အသစ်အဆန်းမထွက်နိုင်တော့ပါ ) Self-respect ငါ့အမှားရှိရင် တောင်းပန်မယ်။ မလေးစားတဲ့ ဆက်ဆံမှုကိုတော့ လက်မခံဘူး။ အပြန်အလှန် လေးစားမှု (Mutual Respect – အပြန်အလှန်လေးစားမှု) ကို တန်ဖိုးထားတယ်။ သူများကိုဝေဖန်လေ့ အပြစ်မြင်လေ့မရှိ ။ ရလဒ်က ယုံကြည်မှု (Trust – ယုံကြည်မှု) နဲ့ ဆက်ဆံရေး ပိုကောင်းလာတယ်။ ☘️ခေါင်းဆောင် (Leader – ခေါင်းဆောင်) များမှာ Ego Leader (အတ္တကြီးတဲ့ ခေါင်းဆောင်) Credit (အောင်မြင်မှုရဲ့ ဂုဏ်ယူမှု) ကို ကိုယ်တစ်ယောက်တည်း ယူတယ်။ Blame (အပြစ်) ကို အောက်လူကို ပုံချတယ်။ အကြံပေးချက် မနားထောင်ဘူး။ Self-respect Leader (ကိုယ့်ကိုယ်ကို လေးစားတန်ဖိုးထားတဲ့ ခေါင်းဆောင်) Credit ကို အသင်းနဲ့ မျှဝေတယ်။ Responsibility (တာဝန်ယူမှု) ကို ကိုယ်တိုင်ယူတယ်။ Feedback (အကြံပြုချက်) ကို လက်ခံပြီး တိုးတက်အောင် လုပ်တယ်။ ☘️အကျဉ်းချုပ် Ego (အတ္တ၊ မာန) က “ငါက အခြားသူထက် ပိုမြင့်ရမယ်” ဆိုတဲ့ နှိုင်းယှဉ်မှုအပေါ် အခြေခံပါတယ်။ Self-respect (ကိုယ့်ကိုယ်ကို လေးစားတန်ဖိုးထားမှု) က “ငါ့မှာ တန်ဖိုးရှိသလို အခြားသူတွေလည်း တန်ဖိုးရှိတယ်” ဆိုတဲ့ ဂုဏ်သိက္ခာနှင့် အပြန်အလှန်လေးစားမှုအပေါ် အခြေခံပါတယ်။ မှတ်မိလွယ်မဲ့ စာကြောင်းတစ်ကြောင်းဆိုရင် - Ego (အတ္တ) က “I am better than you.” (ငါက မင်းထက် ပိုကောင်းတယ်) လို့ ပြောတယ်။ Self-respect (ကိုယ့်ကိုယ်ကို လေးစားတန်ဖိုးထားမှု) က “We both have value.
Nay Zin Latt - новости
Nay Zin Latt - новости
🔒Открыть пост
и посмотреть медиа
” (ငါနဲ့ မင်း နှစ်ယောက်စလုံးမှာ တန်ဖိုးရှိတယ်) လို့ မြင်တယ်။ ရွှေနဲ့ကြေးဟာ.... အဝါရောင်ခြင်းတူပါတယ် တန်ဘိုးခြင်းတော့ကွာတယ် ကြေးကို အကြမ်းထည်ပစ္စည်းတွေlနဲ့ပဲတွဲသုံးလေ့ရှိပြီး ရွှေကိုတော့ တန်ဘိုးရှိတဲ့ရတနာတွေစီခြယ်ရာမှာပဲသုံးပါတယ်၊ ဒါပေမဲ့ တကယ်မသိကြသူတွေကတော့ အဝါရောင်လိုပဲမြင်ပြီး ဂုဏ်သတ္တိတွေကို အတူတူလို့သာထင်လေ့ရှိတယ်၊ အသေအခြာသိခြင်းက "အောင်မြင်ခြင်း" ရလဒ်ကိုပေးပြီး တတ်ယောင်ကားသိခြင်းက နောက်ဆုံး "အရှုံးရလဒ်ကလွဲပြီး ဘာမှထုတ်မပေးနိုင်ပါ ။ နေဇင်လတ် ☯️ ( 7.8.26 ) (2874 ) . Ссылка скрыта
Nay Zin Latt - новости
Subscriber dynamics
+-0.1% last 30 days
Current
72,416
Month ago
72,517
Average growth
+-3 / day
Updated
3 hours ago

Reviews for channel Nay Zin Latt - новости

Log in to leave a review

Only registered users can share their opinion.

No reviews yet

Be the first to share your impression of this resource!

Similar resources

An in-depth analysis of world conflicts and frontline insiders.

Channel

Daily news, knowledge and high-quality information in a convenient Telegram format.

Channel

Channel with fresh sports news: matches, results, analytics. Football, hockey and more in a convenient Telegram format.

Channel
Switch to Light Theme
Home Catalog Collections Blog Login