и посмотреть медиа
News Of Myanmar - новости Бирмы
и посмотреть медиа
Официальный канал новостей Мьянмы: события, политика и общество в реальном времени.
Официальный канал новостей Мьянмы: события, политика и общество в реальном времени.
🗞️ News Of Myanmar — официальный канал с самыми свежими новостями из Бирмы. Политика, экономика, культура и происшествия освещаются оперативно и объективно.
🇲🇲 От репортажей о правительстве и выборах до социальных движений и природных катаклизмов. Канал охватывает все ключевые события, влияющие на жизнь страны.
📈 Экономические обзоры, международные отношения и локальные истории помогают оставаться в курсе. Идеально для тех, кто следит за ситуацией в Мьянме из любой точки мира.
လျှပ်စစ်ဓာတ်အား လေလွင့်ဆုံးရှုံးမှုမရှိစေရေးအတွက် ဓာတ်အားဖြန့်ဖြူးရေးစနစ်အား Digital စနစ်သို့ ကူးပြောင်းနိုင်ရေး အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိ သြဂုတ် ၁၂၊ ၂၀၂၆ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနသည် လျှပ်စစ်ဓာတ်အား လေလွင့်ဆုံးရှုံးမှုလျော့နည်းပပျောက်စေရန်အတွက် ဓာတ်အားဖြန့်ဖြူးရေးစနစ်အား Digital စနစ်သို့ ကူးပြောင်းနိုင်ရေး အကောင်အထည်ဖော် ဆောင်ရွက်မှုလုပ်ငန်းဖြစ်သည့် စွမ်းဆောင်ရည်ကျဆင်းနေသည့် မီတာများနှင့် အသုံးပြုသက်တမ်း နှစ် ၂၀ ကျော်နေသည့် မီတာများအား လဲလှယ်ပေးခြင်း၊ မီတာအသစ်သုံးစွဲလိုသူများအား မီတာများ လျင်မြန်စွာ တပ်ဆင်ပေးခြင်းတို့ကို အရှိန်အဟုန်ဖြင့် ဆောင်ရွက်လျက်ရှိသည်။ ကြည့်ရှုစစ်ဆေး ယနေ့နံနက်ပိုင်းက လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလွင်သည် နေပြည်တော်ကောင်စီနယ်မြေ ဒက္ခိဏသီရိမြို့နယ် လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်းရှိ မီတာ စမ်းသပ်စစ်ဆေးရေးဌာနခွဲနှင့် ပစ္စည်းစီမံခန့်ခွဲရေး ဌာနခွဲစတိုအတွင်း Digital Smart Meter အသစ်များကို စနစ်တကျထိန်းသိမ်းထားရှိမှု၊ မီတာများ Test Bench ဖြင့် စမ်းသပ်စစ်ဆေးပြီး လုံခြုံရေး Seal ခတ်နှိပ်ကာ Bar Code Scanner ဖြင့် မီတာနံပါတ်၊ Serial နံပါတ်များ စာရင်းမှတ်၍ Server နှင့် ချိတ်ဆက်ဆောင်ရွက်နေမှု၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များသို့ မီတာအသစ်များ ပေးပို့ရေးဆောင်ရွက်နေမှု၊ ဒက္ခိဏသီရိမြို့နယ်နှင့် ဇမ္ဗူသီရိမြို့နယ်တို့အတွင်း မီတာအသစ်တပ်ဆင်ဆောင်ရွက်နေမှုကို သွားရောက်ကြည့်ရှုစစ်ဆေးသည်။ ထို့အတူ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ရုံးအမှတ် (၂၇) ၌ တွင် အွန်လိုင်းမှ မီတာလျှောက်ထားလာပါက လွယ်ကူစွာဝန်ဆောင်မှုပေးနိုင်ရန် e-Meter Application Software လက်တွေ့အသုံးပြုခြင်း သင်တန်းပို့ချနေမှုကို ကြည့်ရှုအားပေးပြီး ပြည်သူများ မီတာကို အွန်လိုင်းမှအလွယ်တကူ လျှောက်ထားနိုင်ရေး၊ ဌာနမှသတ်မှတ်ထားသော ကျသင့်ငွေဖြင့်သာ မီတာတပ်ဆင်ပေးနိုင်ရေး၊ ဝန်ထမ်းများအနေဖြင့် ပြည်သူသို့ ဝန်ဆောင်မှုအပြည့်အဝပေးပြီး မသမာမှုများမရှိစေရေး ဆောင်ရွက်ရန်မှာကြားသည်။ ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်းနှင့် မန္တလေးလျှပ်စစ်ဓာတ်အားပေးရေး ကော်ပို ရေးရှင်းတို့အနေဖြင့် ယခင်မီတာလျှောက်ထားမှုများကို အမြန်ပြီးစီးအောင် တပ်ဆင်ပေးနိုင်ရန် သက်ဆိုင်ရာ မြို့နယ်များသို့ အိမ်သုံးမီတာများ လုံလောက်စွာထုတ်ပေးပြီး စတင်တပ်ဆင်ပေးလျက်ရှိကြောင်း၊ အွန်လိုင်းစနစ်ဖြင့် မီတာလျှောက်ထားမှုများအတွက် မြို့နယ်များတွင် မီတာများလုံလောက်စွာထားရှိပြီး အချိန်တိုအတွင်း တပ်ဆင်ပေးနိုင်ရန် ကြိုတင်ပြင်ဆင်ထားရှိကြောင်း သိရသည်။
Открыть канал и посмотреть медиаOnly registered users can share their opinion.
Be the first to share your impression of this resource!
The channel with the Ethereum gas price tracker for DEX and NFT marketplaces. Good for traders.
A channel with motivational quotes and thoughts about achieving success.
Course on orders with Taobao: from the search for goods to delivery to Russia.