и посмотреть медиа

Empleos vacantes Myanmar - Myanmar
и посмотреть медиа
Canal con vacantes para residentes de Myanmar.
Canal con vacantes para residentes de Myanmar.
Vacantes de empleo para Myanmar La gente comparte oportunidades para trabajar en birmano en tiempos difíciles.


သတင်းထောက်ရာထူး လျှောက်ထားနိုင်သည် ----------------------------------------- *နေရာသတ်မှတ်ချက်။ ။ ထိုင်းနိုင်ငံနှင့် စစ်ကောင်စီကင်းလွတ်နယ်မြေများ* Myanmar Now သတင်းဌာနအတွက် ထိုင်းနိုင်ငံ သို့မဟုတ် မြန်မာနိုင်ငံတွင်းရှိ လွတ်မြောက်နယ်မြေတို့တွင် နေထိုင်၍အလုပ်လုပ်ကိုင်နိုင်သောသူများ လျှောက်ထားနိုင်သည်။ ကျွန်ုပ်တို့၏ သတင်းဌာနသည် တက်ကြွထက်မြက်ပြီး သတင်းအချက်အလက်များကို စနစ်တကျလိုက်လံစုစည်းနိုင်သည့်၊ မြန်မာဘာသာစကားဖြင့် သတင်းရေးသားနိုင်သည့် သတင်းထောက်များကို ရှာဖွေနေပါသည်။ လုပ်ဖော်ကိုင်ဖက်များနှင့်လည်းကောင်း၊ သတင်းအရင်းအမြစ်များနှင့်လည်းကောင်း ဆက်ဆံရေးကောင်းမွန်နိုင်သူများ၊ သတင်းခြေရာခံရာတွင် တစိုက်မတ်မတ်၊ စူးစူးနစ်နစ်လုပ်နိုင်သူများ၊ သတင်းအကြောင်းအရာများကို ကိုယ်တိုင်ကိုယ်ကျ တက်ကြွစွာစဥ်းစားလေ့လာနိုင်သူများ လျှောက်ထားနိုင်သည်။ Myanmar Now သည် ဝန်ထမ်းအင်အား ၃၀ ကျော်ခန့်ဖြင့် မြန်မာနိုင်ငံ၏ ထိပ်တန်း နိုင်ငံရေး၊ စစ်ရေး၊ စီးပွားရေး အခြေအနေများကို အချိန်နှင့် တပြေးညီ ဖော်ပြနေသော သတင်းဌာနဖြစ်သည်။ လိုအပ်သည့်အရည်အချင်းများ သတင်းလုပ်ငန်းခွင်တွင် အမှန်တကယ်စူးစူးစိုက်စိုက်လုပ်နိုင်သူဖြစ်ရမည်။ မြန်မာစာကို ရှင်းလင်းပြေပြစ်ပြီး အကြောင်းအကျိုးညီစွာရေးနိုင်သူဖြစ်ရမည်။ အင်္ဂလိပ်စာ အတန်အသင့် ရေးနိုင်ဖတ်နိုင်ရမည်။ ပြည်တွင်းပြည်ပ သတင်းအကြောင်းအရာများကို ပုံမှန်ဖတ်ရှုသူဖြစ်ရမည်။ သတင်းတစ်ပုဒ်နှင့် ပတ်သက်၍ ကိုယ်စွမ်းဉာဏ်စွမ်း ရှိသမျှ အသုံးချ၍ လုပ်ကိုင်လိုသောသူဖြစ်ရမည်။ သတင်းတစ်ပုဒ်နှင့်ပတ်သက်၍ ဆက်သွယ်သင့် ဆက်သွယ်ထိုက်သူအားလုံးကို ဖုန်းနှင့်လည်းကောင်း၊ အီးမေးလ်နှင့်လည်းကောင်း ဆက်သွယ်လိုသောသူဖြစ်ရမည်။ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ၊ စစ်ကောင်စီကို ဆန့်ကျင်တိုက်ခိုက်နေသည့် အဖွဲ့အစည်းများ၊ အခြားနိုင်ငံရေးအင်အားစုများနှင့် မြန်မာနိုင်ငံနေရာအနှံ့ရှိ ပြည်သူများကို ဆက်သွယ်လို၊ ဆက်သွယ်နိုင်သောသူဖြစ်ရမည်။ ခရီးထွက်၍ သတင်းရေးသားလိုသူဖြစ်ရမည်။ ထိုင်းနိုင်ငံတွင်နေပါက ထိုင်းနိုင်ငံအတွင်းရှိ မြန်မာနိုင်ငံနှင့် ဆက်စပ်သော အကြောင်းအရာများကို ကိုယ်တိုင်အဆိုပြု ရေးသားလိုသောသူဖြစ်ရမည်။ ရှုပ်ထွေးလှသည့် မြန်မာပြည်ရှိ စစ်ရေးနိုင်ငံရေးအခြေအနေများအကြောင်း အခြေခံဗဟုသုတရှိပြီး၊ သတင်းအရင်းအမြစ်များစွာ တည်ဆောက်နိုင်သူဖြစ်ရမည်။ ဖမ်းဆီးမှု၊ ညှဉ်းပန်းနှိပ်စက်မှု၊ စစ်ရာဇဝတ်မှုများနှင့် အာဏာရှိသူတို့၏ ပိုင်ဆိုင်မှုများနှင့် မသမာမှုများကို စူးစမ်းလေ့လာရေးသားရန် ပြင်းစွာ ဆန္ဒရှိသူဖြစ်ရမည်။ နေ့စဥ်သတင်းများကို မှန်ကန်မြန်ဆန်စွာရေးသားနိုင်သူဖြစ်ရမည် (ယမန်နေ့က ဆိုရှယ်မီဒီယာပေါ်တွင် တွေ့သောသတင်းများကို ပြန်လည်ထုတ်လုပ်သည့် Recycling အလုပ်ကို ကျွန်ုပ်တို့မလုပ်ပါ)။ မျှတသော ၊ အသေးစိတ်အချက်အလက်ပါသော သတင်းများကို ရေးသားထုတ်လုပ်နိုင်သူဖြစ်ရမည်။ သင်ရေးသားသောသတင်းကို အခြားသတင်းဌာနများနှင့် သုတေသီတို့က ဖတ်ရှုပြီး သတင်းပါအကြောင်းအရာများကို ခြေရာခံရန် အထောက်အကူဖြစ်စေရမည်။ စစ်ရေး၊ နိုင်ငံရေး၊ စီးပွားရေး ဖြစ်ထွန်းမှုများကို စဥ်ဆက်မပြတ်လေ့လာပြီး ခြုံငုံသုံးသပ်သည့် သတင်းများ၊ ဆောင်းပါးရှည်များကို ရေးသားနိုင်သူဖြစ်ရမည်။ အခြားအချက်များ ကချင်၊ ကရင်၊ ကရင်နီ၊ သျှမ်း (ရှမ်း)၊ တအာင်း၊ ဝ၊ မွန်နှင့် တရုတ်ဘာသာစကားတစ်ခုခုကို မိခင်ဘာသာစကားအဖြစ်ပြောသော မြန်မာနိုင်ငံသားများ၊ အခြားတိုင်းရင်းသားလူနည်းစုများအတွင်း ကြီးပြင်းလာသောသူများ မြန်မာစာအရေးအသားအားနည်းပါကလည်း လျှောက်ထားရန် တိုက်တွန်းပါသည်။ သတင်းလုပ်ငန်းအတွေ့အကြုံအားနည်းသော်လည်း သတင်းလုပ်ငန်းကို ရေရှည် လုပ်ကိုင်လိုပြီး စာရေးစာဖတ် စိတ်ဝင်စားပါကလည်း လျှောက်ထားနိုင်သည်။ ကျွမ်းကျင်မှုနှင့် အလုပ်အတွေ့အကြုံပေါ်မူတည်၍ လုပ်ငန်းတူ အခြား ထိုင်းနှင့် မြန်မာသတင်းဌာနများကပေးသော လစာထက် မနိမ့်သောလစာ ပေးမည်ဖြစ်ပြီး၊ ထိုင်းနိုင်ငံအတွင်း နေထိုင်သူ ဆိုပါက တရားဝင်နေထိုင်ရန်လိုအပ်သည့် လူဝင်မှုကြီးကြပ်ရေးကုန်ကျမှုများကို ကျခံပေးသွားမည်ဖြစ်သည်။ စိတ်ပါဝင်စားသူများအနေဖြင့် ဤအလုပ်ကို သင်ဘာ့ကြောင့် လျှောက်ထားရသည့်အကြောင်း စာမျက်နှာ နှစ်မျက်နှာထက်မပိုသော မြန်မာဘာသာဖြင့် ရေးသားသည့်စာတစ်စောင်၊ ကိုယ်ရေးအသေးစိတ်အချက်အလက် (CV)၊ ထုတ်ဝေပြီးသတင်းနှင့် စာမူ အချို့၊ သင်၏ ကျွမ်းကျင်မှု၊ ကျင့်ဝတ်ဆိုင်ရာတို့နှင့် ပတ်သက်ပြီး ထောက်ခံပေးမည့်သူ အနည်းဆုံးနှစ်ဦး၏ ထောက်ခံချက်များကို ပူးတွဲကာ [email protected] သို့ ပေးပို့နိုင်ပါသည်။ ကနဦးရွေးချယ်ခံထားရသူများကို ကျွန်ုပ်တို့က ပြန်လည်ဆက်သွယ်ပါမည်။
Открыть канал и посмотреть медиаSolo los usuarios registrados pueden compartir su opinión.
¡Sé el primero en compartir tu experiencia con este recurso!