и посмотреть медиа
JOIM - vacantes en Myanmar
и посмотреть медиа
Canal con vacantes en todo Myanmar de empleadores. Ofertas urgentes para los solicitantes.
Canal con vacantes en todo Myanmar de empleadores. Ofertas urgentes para los solicitantes.
JOIM conecta a solicitantes y empresas de Myanmar. Publica ofertas urgentes de todo el país. Ideal para la búsqueda de empleo en empresas locales, actualización diaria.
🕊 ငြိမ်းချမ်းတဲ့ အလုပ်ခွင်က ကိုယ့်ဆီကနေ စတင်ပါတယ်... 🕊 စက်တင်ဘာလ ၂၁ ရက်နေ့ဟာ International Day of Peace (ကမ္ဘာ့ငြိမ်းချမ်းရေးနေ့) ဖြစ်ပါတယ်။ ငြိမ်းချမ်းရေးဆိုတာ နိုင်ငံတွေအကြားမှာပဲ လိုအပ်တာမဟုတ်ပါဘူး။ နေ့စဉ်အချိန်အများစုကို ဖြတ်သန်းနေရတဲ့ Workplace မှာလည်း တစ်ယောက်နဲ့တစ်ယောက် နားလည်မှု၊ လေးစားမှုနဲ့ ပူးပေါင်းဆောင်ရွက်နိုင်ဖို့ လိုအပ်ပါတယ်။ အလုပ်ခွင်မှာ Peace ရှိဖို့ဆိုရင်... ✅ မတူညီတဲ့အမြင်တွေကို လေးစားပါ။ ကိုယ့်အမြင်နဲ့ မတူတာကို မှားတယ်လို့ မဆုံးဖြတ်ခင် သူ့ဘက်က အကြောင်းပြချက်ကို နားထောင်ကြည့်ပါ။ ✅ အခက်အခဲတွေကို အပြစ်တင်တာထက် ဖြေရှင်းဖို့ အာရုံစိုက်ပါ။ ပြဿနာတစ်ခုဖြစ်လာတဲ့အခါ “ဘယ်သူ့အမှားလဲ?” ထက် “ဘယ်လိုဖြေရှင်းကြမလဲ?” ဆိုတာကို ပိုဦးစားပေးသင့်ပါတယ်။ ✅ Information တွေကို ရှင်းရှင်းလင်းလင်း မျှဝေပါ။ မပြည့်စုံတဲ့ Information ကြောင့် နားလည်မှုလွဲတာ၊ အလုပ်ထပ်လုပ်ရတာနဲ့ အဖွဲ့အတွင်း အဆင်မပြေတာတွေ ဖြစ်လာနိုင်ပါတယ်။ ✅ စကားပြောတဲ့အခါ တစ်ဖက်လူရဲ့ခံစားချက်ကိုလည်း ထည့်စဉ်းစားပါ။ မှန်ကန်တဲ့အကြောင်းအရာကို ပြောတာတင်မကဘဲ ဘယ်လိုပြောမလဲဆိုတာလည်း အရေးကြီးပါတယ်။ ✅ တစ်ယောက်ကိုတစ်ယောက် Support ပေးပါ။ အလုပ်ခွင်က ပြိုင်ဆိုင်ရတဲ့နေရာတစ်ခုတည်းမဟုတ်ဘဲ အတူတူတိုးတက်နိုင်တဲ့နေရာလည်း ဖြစ်သင့်ပါတယ်။ ငြိမ်းချမ်းတဲ့ Workplace တစ်ခုဆိုတာ လူတိုင်းက ဖန်တီးပေးရတဲ့အရာပါဗျ။ ဒီ International Day of Peace မှာ... ကိုယ့်အလုပ်ခွင်မှာ စကားတစ်ခွန်း၊ အပြုအမူတစ်ခု၊ နားလည်ပေးမှုတစ်ခု နဲ့ Peace ကို စတင်ဖန်တီးကြရအောင်ပါဗျ။ 🕊 အားလုံးပဲ အေးချမ်းမှုတွေ၊ ငြိမ်းချမ်းမှုတွေကိုသာ ပိုင်ဆိုင်နိုင်ကြပါစေဗျာ...🙏🏻 💙 #JOIM #InternationalDayOfPeace #PeaceDay #Workplace #CareerJourney #Job_Opportunities_in_Myanmar #Company_Direct_Job_Sharing_Platform
Открыть канал и посмотреть медиаSolo los usuarios registrados pueden compartir su opinión.
¡Sé el primero en compartir tu experiencia con este recurso!