и посмотреть медиа
JOIM - vacantes en Myanmar
и посмотреть медиа
Canal con vacantes en todo Myanmar de empleadores. Ofertas urgentes para los solicitantes.
Canal con vacantes en todo Myanmar de empleadores. Ofertas urgentes para los solicitantes.
JOIM conecta a solicitantes y empresas de Myanmar. Publica ofertas urgentes de todo el país. Ideal para la búsqueda de empleo en empresas locales, actualización diaria.
💼 အလုပ်မှာ “No” လို့ ပြောတတ်ဖို့ ဘာကြောင့် လိုအပ်တာလဲ❓ ✨ အလုပ်မှာ တောင်းဆိုလာသမျှကို “ဟုတ်ကဲ့” လို့ပဲ အမြဲခေါင်းညိတ်နေရင် လူတိုင်းက ကိုယ့်ကို အလွယ်တကူ အလုပ်ပေးလို့ရတဲ့သူတစ်ယောက်လို့ မြင်လာနိုင်ပါတယ်။ ဒါပေမဲ့ Professional ဖြစ်တယ်ဆိုတာက အလုပ်တိုင်းကို မျက်စိမှိတ် လက်ခံနိုင်တာ မဟုတ်ပါဘူး။ ကိုယ့်ရဲ့ အချိန်၊ လုပ်နိုင်စွမ်းနဲ့ လက်ရှိတာဝန်တွေကို သုံးသပ်ပြီး လိုအပ်တဲ့အချိန်မှာ လေးစားမှုရှိရှိနဲ့ “No” ပြောတတ်ဖို့လည်း လိုအပ်ပါတယ်ဗျ။ 1️⃣ ကိုယ့်ရဲ့ Workload ကို ထိန်းနိုင်စေရန်။ လက်ရှိလုပ်နေတဲ့အလုပ်တွေ မပြီးသေးဘဲ အလုပ်အသစ်တိုင်းကို ဆက်တိုက်လက်ခံနေရင် အလုပ်တွေအားလုံး အရည်အသွေးကျသွားနိုင်ပါတယ်။ 📌“အခုလက်ရှိ Task တွေ ရှိနေလို့ ဒီအလုပ်ကို ဘယ်အချိန်အတွင်း ပြီးအောင်လုပ်ပေးနိုင်မလဲ အရင်ညှိကြည့်ရအောင်ပါ” လို့ ဆွေးနွေးနိုင်ပါတယ်။ 2️⃣ ကိုယ့်ရဲ့ Boundaries ကို သိစေရန်။ အလုပ်နဲ့ ကိုယ်ရေးကိုယ်တာအချိန်ကို အမြဲရောထွေးနေစရာ မလိုပါဘူး။ အလုပ်ချိန်ပြင်ပမှာ အရေးတကြီး မဟုတ်တဲ့ Task တစ်ခု တောင်းဆိုလာရင် ကိုယ့်အခြေအနေကို ရှင်းပြပြီး အချိန်ညှိယူခြင်း(သို့မဟုတ်) ငြင်းဆိုနိုင်ပါတယ်။ 3️⃣ အလုပ်ရဲ့ Quality ကို ထိန်းထားစေနိုင်ရန်။ “အကုန်လုပ်ပေးမယ်” ဆိုပြီး အလုပ်များစွာကို တစ်ပြိုင်နက် လက်ခံလိုက်တာထက် ကိုယ်တကယ် အာရုံစိုက်ပြီး ကောင်းကောင်းလုပ်နိုင်တဲ့အလုပ်ကို သိထားတာက ပိုအရေးကြီးပါတယ်။ 4️⃣ ကိုယ့်ရဲ့ Priority ကို မပျောက်စေနိုင်ရန်။ Task အသစ်တစ်ခုကို မိမိ Workload ကို သေချာမစဉ်းစားဘဲ လက်ခံလိုက်တိုင်း လက်ရှိအရေးကြီးတဲ့ Task တွေ နောက်ကျသွားနိုင်ပါတယ်။ 📌 “Task အသစ်ကို အရင်လုပ်ရမလား၊ လက်ရှိ Task ကို အရင်ပြီးအောင်လုပ်ရမလား?” ဆိုတာကို မိမိ အထက်လူကြီးကို ကောင်းမွန်စွာပြန်မေးပြီး ရှင်းလင်းအောင် လုပ်ပါ။ 5️⃣ “No” ပြောတာနဲ့ မကောင်းတဲ့ Employee/ အလုပ်ကိုရှောင်ဖယ်တဲ့ Employee နဲ့က မတူညီပါဘူး။ တကယ်အရေးကြီးတာက “ဘယ်လိုငြင်းဆိုရမလဲ” ဆိုတဲ့ ပြောပုံဆိုပုံ ပုံစံပါပဲဗျ။ ❌“မလုပ်နိုင်ဘူး” လို့ တိုတိုပြတ်ပြတ် ငြင်းခြင်းထက်... ✅ “လက်ရှိမှာ ဒီ Task နှစ်ခုကို လုပ်နေပါတယ်။ ဒီအလုပ်ကိုပါ ထည့်မယ်ဆိုရင် ဘယ် Task ကို Priority ပြောင်းပေးရမလဲ?” လို့ အခြေအနေကို ရှင်းပြပြီး အဖြေရှာတဲ့ပုံစံနဲ့ ပြောခြင်း က လုပ်ငန်းခွင် ဆက်ဆံရေးကို ပိုမိကောင်းမွန်စေနိုင်ပါတယ်ဗျ။ ✨ Professional ဖြစ်တယ်ဆိုတာ ပြောသမျှကို “Yes” လို့ပဲ အမြဲလက်ခံတတ်တာ မဟုတ်ဘဲ... ကိုယ့်ရဲ့ Time, Workload, Priority နဲ့ Capacity ကို နားလည်ပြီး လိုအပ်တဲ့အချိန်မှာ လေးစားမှုရှိရှိနဲ့ “No” ပြောတတ်တာလည်း အရေးကြီးတဲ့ Workplace Skill တစ်ခု ဖြစ်ပါတယ်ဗျ။ 💙 အားလုံးပဲ ပျော်ရွှင်စရာလုပ်ငန်းခွင်ကို ဖန်တီးနိုင်ကြပါစေဗျ.. 💙 🌐 Website: Ссылка скрыта #JOIM #WorkplaceSkills #CareerGrowth #TimeManagement #CompanyDirectJobSharing #Job_Opportunities_in_Myanmar #Company_Direct_Job_Sharing_Platform
Открыть канал и посмотреть медиаSolo los usuarios registrados pueden compartir su opinión.
¡Sé el primero en compartir tu experiencia con este recurso!