и посмотреть медиа
Myaelatt Athan - локальные новости
и посмотреть медиа
Канал делится локальной информацией Мьянмы: события, новости и обновления для жителей.
Канал делится локальной информацией Мьянмы: события, новости и обновления для жителей.
📻 Myaelatt Athan - канал, посвященный локальным новостям Мьянмы. Здесь публикуется информация о событиях в регионах, важная для местных жителей и интересующихся страной.
🗺️ Контент охватывает повседневные новости, происшествия, культурные события и региональные обновления. Материалы представлены в доступной форме: аудио, текст и фото.
🌟 Это источник для тех, кто хочет быть в курсе местных дел. Регулярные публикации обеспечивают полную картину жизни в Мьянме на местах.
စစ်ကောင်စီက ဖမ်းမိတဲ့ PDF တပ်ဖွဲ့ဝင် ၃ ဦးကို နေရာမှာတင်ပစ်သတ် ဝေါ၊ ဩဂုတ် ၂၆၊ ၂၀၂၆။ ပဲခူးတိုင်း၊ ဝေါမြို့နယ်၊ ဧကရာဇ်ကျေးရွာနဲ့နောင်ပတ္တရာကျေးရွာကြား လမ်းပေါ်မှာ အာဏာသိမ်းစစ်တပ်က ဖမ်းမိတဲ့ PDF တပ်ဖွဲ့ဝင် ၃ ဦးကို နေရာမှာတင်ပစ်သတ်လိုက်တယ်လို့ စစ်ကောင်စီတပ်ဖွဲ့တွေနဲ့ နီးစပ်သူတွေထံက သိရပါတယ်။ ဩဂုတ်လ ၂၅ ရက်နေ့မနက် ၈ နာရီကျော်ခန့်က အဲဒီလမ်းပေါ်မှာ စစ်ကောင်စီအဖွဲ့တွေက သတင်းအရ စောင့်ဆိုင်းနေချိန် ဆိုင်ကယ်နဲ့လာသူ အမျိုးသား ၃ ဦးကို ရပ်တန့်စစ်ဆေးပြီးနောက် ပစ်ခတ်ရှင်းလင်းလိုက်တယ်လို့ ဆိုပါတယ်။ "ဖမ်းခံရတယ် ပြီးမှာ တခါတည်းရှင်းထုတ်လိုက်တယ်လို့တော့ သိရတယ်။ မြဝတီကနေ လာပြီးတော့ ပဲခူးဝင်မယ့် အခြေနေရှိတယ်။ အလောင်းတွေပါ တခါတည်း ရှင်းလိုက်ကြတယ်"လို့ ဝေါစစ်ကောင်စီတပ်နဲ့ နီးစပ်သူတဦးက ပြောပါတယ်။ သတင်းအပြည့်အစုံ - Ссылка скрыта
Открыть канал и посмотреть медиаချောင်းဦးပလဖ ဖမ်းဆီးစစ်ဆေးနေတဲ့ ကျောင်းထိုင်ဆရာတော် ဒဏ်ရာတွေနဲ့ ပျံလွန်တော်မူ ◾️ ဖမ်းဆီးခံထားရတဲ့ ၇ ဦးရဲ့ အသက်အန္တရာယ်လည်း စိုးရိမ်နေရ ချောင်းဦး၊ ဩဂုတ် ၂၆၊ ၂၀၂၆။ စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်၊ ရွှေဒါးကျ ကျေးရွာကနေ ပလဖ ရဲ့ ဖမ်းဆီးစစ်ဆေးခံနေရတဲ့ ကျောင်းထိုင်ဆရာတော်ဟာ ဒဏ်ရာတွေနဲ့ပျံလွန်တော်မူ သွားတယ်လို့ ရွာခံတွေဆီက သိရပါတယ်။ ပျံလွန်တော်မူသွားတဲ့ ရဟန်းဟာ ကျေးရွာဘုန်းကြီးကျောင်း ကျောင်းထိုင်ဆရာတော်ဖြစ်တဲ့ သက်တော် ၅၂ နှစ်၊ ဝါတော် ၃၄ ဝါရှိတဲ့ ဆရာတော် အရှင်ဣန္ဒာစာရ ဖြစ်ပြီး ဩဂုတ်လ ၂၅ ရက်နေ့ နေ့လည်ပိုင်းမှာ အလောင်းလာယူဖို့ ပလဖက အကြောင်းကြားလို့ ရွာခံတွေက ပလဖ စခန်းနဲ့နီးစပ်တဲ့ ကြားခံကျေးရွာတရွာကနေ သွားရောက်ယူဆောင်လာကြရတယ်လို့ ဆိုပါတယ်။ "ဒဏ်ရာကတော့ အရှိုးရာတွေကြီးပဲ။ ခြေသလုံးရိုးမှာ မီးနဲ့ထိုးထားတဲ့ဒဏ်ရာတွေ့ရတယ်။ အပူတခုခုနဲ့ထိုးထားတဲ့ဒဏ်ရာ။ ပြီးတော့ ကျောတွေရောတင်ပါးတွေရောနှံ့လို့ပါဗျာ အရှိုးရာတွေ။ ပြီးတော့လက်သန်းထိပ်မှာ အသားမရှိတော့ဘူး။ ရက်ရက်စက်စက်လုပ်တာဗျာ။ "လို့ ရွာခံတဦးက ပြောပါတယ်။ သတင်းအပြည့်အစုံ - Ссылка скрыта
Открыть канал и посмотреть медиаယခုနှစ်အတွက် ဩဇာသီး ဈေးကွက်အတွင်းရောက်ရှိ တလုံးကို (၂၅၀၀) ကျပ် အထိရှိနေ မြေလတ်အသံ၊ သြဂုတ် ၂၆၊ ၂၀၂၆။ ယခုနှစ်အတွက် ဩဇာသီးရာသီချိန်စတင်နေပြီဖြစ်ပြီး ဈေးကွက်အတွင်းရောက်ရှိနေတဲ့ ဩဇာသီးတစ်လုံးရဲ့ ဈေးနှုန်းဟာ အမြင့်ဆုံး(၂၅၀၀) ကျပ်အထိ ပေါက်ဈေးရှိတယ်လို့ ရောင်းဝယ်နေသူတွေဆီက သိရပါတယ်။ လက်ရှိတွင် ဩဇာသီး အလုံး ၅၀ ပါတခြင်းကို ကျပ် ၅၀,၀၀၀၊ ကျပ် ၃၅,၀၀၀ တို့နဲ့ ရောင်းချနေသလို အရွယ်အစားပေါ်မှုတည်ပြီး ၁ လုံးလျှင် ကျပ် ၁,၀၀၀ မှ ကျပ် ၂၅၀၀ ဝန်းကျင်အထိလည်း ဈေးပေါက်နေတယ်လို့ သိရပါတယ်။ "ပေါ်ဦးပေါ်ဖျားဆိုတော့ လာပို့တာနဲ့ မှာသူဆီကို တခါတည်း ပို့နေရလို့ ရောက်တာနဲ့ ကုန်တာပေါ့။ အခုမှပေါ်ကာစဆိုတော့ ခြံကလည်းစျေးကောင်းရတာပေါ့" လို့ ဇီးကုန်းမြို့က ရာသီပေါ်သီးနှံရောင်းချနေသူတဦးက ပြောပါတယ်။ သတင်းအပြည့်အစုံ - Ссылка скрыта
Открыть канал и посмотреть медиаPDF တွေရဲ့ သတင်းကို လာထောက်လှမ်းတဲ့ပစ တဦးအရှင်ဖမ်းမိ ◾️ သူ့ဆရာ စစ်မှုထမ်းဟောင်းတဦးကို ဖမ်းဆီးစဥ် ထွက်ပြေးလို့ ပစ်ခတ်ရာသေဆုံး လက်ပံတန်း၊ ဩဂုတ် ၂၁၊ ၂၀၂၆။ ပဲခူးတိုင်း၊ လက်ပံတန်းမြို့နယ်၊ ခေါင်းလောင်းတိုင်ကျေးရွာအနီးမှာ PDF တွေရဲ့ သတင်းကို လာရောက် ထောက်လှမ်းနေတဲ့ ပြည်သူ့စစ်မှုထမ်းတဦးကို အရှင်ဖမ်းမိပြီး၊ သူ့ဆရာဆိုသူ စစ်မှုထမ်းဟောင်းကတော့ ဖမ်းဆီးနေစဥ် ထွက်ပြေးလို့ ပစ်ခတ်ဖမ်းဆီးရာ သေဆုံးသွားတယ်လို့ ရွှေတန်းမြေ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ထံက သိရပါတယ်။ ကျေးရွာထဲမှာ စစ်မှုထမ်းသင်တန်းဆင်းတပ်သား တဦးရောက်နေကြောင်း သတင်းအရ ဩဂုတ်လ ၁၈ ရက်နေ့မှာ သွားရောက်ဖမ်းဆီးရာ စစ်မှုထမ်းအပတ်စဥ် ၂၃ ဆင်း တပ်သားအငယ်လေးဆိုသူကို ဖမ်းမိခဲ့တာ ဖြစ်ပါတယ်။ အဲဒီနောက် သူကိုစစ်ဆေးမေးမြန်းရာ ကျေးရွာအနီး ရိုးမပတ်လမ်းနားမှာနေထိုင်တဲ့ သူ့ရဲ့ဆရာ အသက် ၅၀ အရွယ် စစ်မှုထမ်းဟောင်း ဦးထွန်းထွန်းဆိုသူအား သွားရောက်ဖမ်းဆီးစဥ် ထွက်ပြေးခဲ့တာကြောင့်ပစ်ခတ် ဖမ်းဆီးခဲ့တာလို့ ဆိုပါတယ်။ သတင်းအပြည့်အစုံ - Ссылка скрыта
Открыть канал и посмотреть медиа စတားလင့်ဆိုင်နဲ့ စစ်ရှောင်တွေနေတဲ့ ဘုန်းကြီးကျောင်း ဗုံးကြဲခံရလို့ သံဃာတပါးနဲ့ အမျိုးသား ၁ ဦး သေဆုံး ကန့်ဘလူ၊ ဩဂုတ် ၂၁၊ ၂၀၂၆။ စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ ရင်ခပ်ကုန်းကျေးရွာရှိ စတားလင့်ဆိုင်နဲ့ ရင်ခပ်ကုန်းရွာနဲ့ သပြေသာကျေးရွာကြားရှိ စစ်ရှောင်တွေနေတဲ့ တောရ ဘုန်းကြီးတော်ကြီးကျောင်းတွေ ဗုံးကြဲခံရလို့ သံဃာတပါးအပါအဝင် ၂ ဦး သေဆုံးတယ်လို့ ကန့်ဘလူမြို့နယ် ပကဖတာဝန်ရှိသူတွေဆီက သိရပါတယ်။ မနေ့က (ဩဂုတ် ၂၀) ညနေ ၅ နာရီခန့်က တံတားဦးလေတပ်က တက်လာတဲ့ ဂျက်ဖိုက်တာ တိုက်လေယာဥ်ဟာ ရင်ခပ်ကုန်းကျေးရွာထဲက စတင်းလင်းဆိုင်ကို ဗုံးတလုံးကြဲချခဲ့သလို နောက်ထပ်တစီးက စစ်ရှောင်တွေနေတဲ့ တောရကျောင်းလေးတွေဖြစ်တဲ့ ဗောဓိကျောင်းနဲ့ ရှောက်ကန်ကျောင်းတိုက် တဝိုက်ကို ဗုံး ၂ လုံးကြဲချခဲ့တာဖြစ်ပါတယ်။ "ဗောဓိကျောင်း၊ ရှောင်ကန်ကျောင်းဆိုတာက တောရကျောင်းလေးတွေ။ အဲဒီမှာက သပြေသာ၊ ဖိုကုန်း၊ ကျောင်းကုန်းက စစ်ရှောင်တွေနေတာ။ အဲနေရာကို လာကြဲတာ။ ရင်ခပ်ကုန်းမှာကျ စတားလင့်ဆိုင်ဖွင့်ထားတဲ့နေရာကို လာကြဲတာ။ အဲမှာကျ ကောင်လေးတယောက် ပေါင်မှန်သွားတာ"လို့ ကန့်ဘလူမြို့နယ်ပကဖ ပြန်ကြားရေးတာဝန်ရှိသူက ပြောပါတယ်။ သတင်းအပြည့်အစုံ - Ссылка скрыта
Открыть канал и посмотреть медиа တချိန်က အာရှမှာ အချမ်းသာဆုံးပုဂ္ဂိုလ် တရုတ်သူဌေးကြီး လာဘ်ပေးလာဘ်ယူမှု၊ လိမ်လည်မှုတွေနဲ့ ထောင်ဒဏ် တသက်တကျွန်း ချမှတ်ခံရ မြေလတ်အသံ၊ ဩဂုတ် ၂၀၊ ၂၀၂၆။ တချိန်က အာရှရဲ့ အချမ်းသာဆုံး ပုဂ္ဂိုလ်ဖြစ်ခဲ့ပြီး ပိုင်ဆိုင်မှု ဒေါ်လာ ၄၅ ဒသမ ၃ ဘီလီယံအထိ ရှိခဲ့ဖူးသူ China Evergrande Group ထူထောင်သူ ဟွေ့ကာယန်ကို လာဘ်ပေးလာဘ်ယူမှု၊ လိမ်လည်မှုတွေနဲ့ ဘဏ္ဍာရေး အချက်အလက် အတုပြုလုပ်မှု အပါအဝင် ပြစ်မှုပေါင်းများစွာနဲ့ တရုတ်တရားရုံးက ထောင်ဒဏ် တသက်တကျွန်း အမိန့်ချလိုက်ပါတယ်။ တရုတ်နိုင်ငံ အိမ်ခြံမြေကဏ္ဍရဲ့ ထိပ်ဆုံးရောက်ခဲ့ရာကနေ ပျက်စီးယိုယွင်းသွားမှုရဲ့ သင်္ကေတ တခုဖြစ်လာသူ ဟွေ့ကာယန်ကို ရှန်ဇန်းမြို့ တရားရုံးက အမိန့်ချခဲ့တာပါ။ တရားရုံးက ဟွေ့ကာယန်ရဲ့ ပိုင်ဆိုင်မှုအားလုံးကို သိမ်းဆည်း အမိန့်ပေးခဲ့သလို ဒေါ်လာ ၁ ဒသမ ၃ ဘီလီယံ ဒဏ်ရိုက်ခဲ့ပြီး သီးခြားကုမ္ပဏီခွဲကိုလည်း ယွမ် ၇ ဘီလီယံ ဒဏ်ရိုက်ခဲ့ပါတယ်။ သတင်းအပြည့်အစုံ - Ссылка скрыта
Открыть канал и посмотреть медиаSolo los usuarios registrados pueden compartir su opinión.
¡Sé el primero en compartir tu experiencia con este recurso!
Contenido original de CREW: vídeos, fotos y exclusiva en el canal Telegram. Material fresco y único.
Análisis geopolítico del Medio Oriente: conflictos, alianzas, previsiones.
Un canal con información sobre resistencia y eventos importantes. Noticias y actualizaciones útiles para usuarios conocedores.