и посмотреть медиа
News Of Myanmar - новости Бирмы
и посмотреть медиа
Официальный канал новостей Мьянмы: события, политика и общество в реальном времени.
Официальный канал новостей Мьянмы: события, политика и общество в реальном времени.
🗞️ News Of Myanmar — официальный канал с самыми свежими новостями из Бирмы. Политика, экономика, культура и происшествия освещаются оперативно и объективно.
🇲🇲 От репортажей о правительстве и выборах до социальных движений и природных катаклизмов. Канал охватывает все ключевые события, влияющие на жизнь страны.
📈 Экономические обзоры, международные отношения и локальные истории помогают оставаться в курсе. Идеально для тех, кто следит за ситуацией в Мьянме из любой точки мира.
လျှပ်စစ်ဓာတ်အား လေလွင့်ဆုံးရှုံးမှုမရှိစေရေးအတွက် ဓာတ်အားဖြန့်ဖြူးရေးစနစ်အား Digital စနစ်သို့ ကူးပြောင်းနိုင်ရေး အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိ သြဂုတ် ၁၂၊ ၂၀၂၆ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနသည် လျှပ်စစ်ဓာတ်အား လေလွင့်ဆုံးရှုံးမှုလျော့နည်းပပျောက်စေရန်အတွက် ဓာတ်အားဖြန့်ဖြူးရေးစနစ်အား Digital စနစ်သို့ ကူးပြောင်းနိုင်ရေး အကောင်အထည်ဖော် ဆောင်ရွက်မှုလုပ်ငန်းဖြစ်သည့် စွမ်းဆောင်ရည်ကျဆင်းနေသည့် မီတာများနှင့် အသုံးပြုသက်တမ်း နှစ် ၂၀ ကျော်နေသည့် မီတာများအား လဲလှယ်ပေးခြင်း၊ မီတာအသစ်သုံးစွဲလိုသူများအား မီတာများ လျင်မြန်စွာ တပ်ဆင်ပေးခြင်းတို့ကို အရှိန်အဟုန်ဖြင့် ဆောင်ရွက်လျက်ရှိသည်။ ကြည့်ရှုစစ်ဆေး ယနေ့နံနက်ပိုင်းက လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလွင်သည် နေပြည်တော်ကောင်စီနယ်မြေ ဒက္ခိဏသီရိမြို့နယ် လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်းရှိ မီတာ စမ်းသပ်စစ်ဆေးရေးဌာနခွဲနှင့် ပစ္စည်းစီမံခန့်ခွဲရေး ဌာနခွဲစတိုအတွင်း Digital Smart Meter အသစ်များကို စနစ်တကျထိန်းသိမ်းထားရှိမှု၊ မီတာများ Test Bench ဖြင့် စမ်းသပ်စစ်ဆေးပြီး လုံခြုံရေး Seal ခတ်နှိပ်ကာ Bar Code Scanner ဖြင့် မီတာနံပါတ်၊ Serial နံပါတ်များ စာရင်းမှတ်၍ Server နှင့် ချိတ်ဆက်ဆောင်ရွက်နေမှု၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များသို့ မီတာအသစ်များ ပေးပို့ရေးဆောင်ရွက်နေမှု၊ ဒက္ခိဏသီရိမြို့နယ်နှင့် ဇမ္ဗူသီရိမြို့နယ်တို့အတွင်း မီတာအသစ်တပ်ဆင်ဆောင်ရွက်နေမှုကို သွားရောက်ကြည့်ရှုစစ်ဆေးသည်။ ထို့အတူ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ရုံးအမှတ် (၂၇) ၌ တွင် အွန်လိုင်းမှ မီတာလျှောက်ထားလာပါက လွယ်ကူစွာဝန်ဆောင်မှုပေးနိုင်ရန် e-Meter Application Software လက်တွေ့အသုံးပြုခြင်း သင်တန်းပို့ချနေမှုကို ကြည့်ရှုအားပေးပြီး ပြည်သူများ မီတာကို အွန်လိုင်းမှအလွယ်တကူ လျှောက်ထားနိုင်ရေး၊ ဌာနမှသတ်မှတ်ထားသော ကျသင့်ငွေဖြင့်သာ မီတာတပ်ဆင်ပေးနိုင်ရေး၊ ဝန်ထမ်းများအနေဖြင့် ပြည်သူသို့ ဝန်ဆောင်မှုအပြည့်အဝပေးပြီး မသမာမှုများမရှိစေရေး ဆောင်ရွက်ရန်မှာကြားသည်။ ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်းနှင့် မန္တလေးလျှပ်စစ်ဓာတ်အားပေးရေး ကော်ပို ရေးရှင်းတို့အနေဖြင့် ယခင်မီတာလျှောက်ထားမှုများကို အမြန်ပြီးစီးအောင် တပ်ဆင်ပေးနိုင်ရန် သက်ဆိုင်ရာ မြို့နယ်များသို့ အိမ်သုံးမီတာများ လုံလောက်စွာထုတ်ပေးပြီး စတင်တပ်ဆင်ပေးလျက်ရှိကြောင်း၊ အွန်လိုင်းစနစ်ဖြင့် မီတာလျှောက်ထားမှုများအတွက် မြို့နယ်များတွင် မီတာများလုံလောက်စွာထားရှိပြီး အချိန်တိုအတွင်း တပ်ဆင်ပေးနိုင်ရန် ကြိုတင်ပြင်ဆင်ထားရှိကြောင်း သိရသည်။
Открыть канал и посмотреть медиа၂၀၂၆ ခုနှစ်၊ တိုင်းဒေသကြီးနှင့် ပြည်နယ် ရိုးရာလက်ဝှေ့ပြိုင်ပွဲ ဖွင့်ပွဲ အခမ်းအနား ကျင်းပ NOM ဩဂုတ် ၁၃၊ ၂၀၂၆ ၂၀၂၆ ခုနှစ်၊ တိုင်းဒေသကြီးနှင့် ပြည်နယ် ရိုးရာလက်ဝှေ့ပြိုင်ပွဲ ဖွင့်ပွဲ အခမ်းအနားကို ယနေ့ နံနက်ပိုင်းက ရန်ကုန်တိုင်းဒေသကြီး၊ သိမ်ဖြူအားကစားခန်းမတွင် ကျင်းပရာ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးအောင်နိုင်သူ၊ မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်ဥက္ကဋ္ဌ ဦးသစ်လင်းအုန်း၊ အားကစား ရေးရာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးညီညီ၊ တိုင်းဒေသကြီး ဝန်ကြီးများ၊ အားကစားနှင့် ကာယပညာ ဦးစီးဌာနမှ တာဝန်ရှိသူများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ မြန်မာနိုင်ငံ ရိုးရာလက်ဝှေ့အဖွဲ့ချုပ်မှ ဥက္ကဌနှင့် တာဝန်ရှိသူများ၊ တိုင်းဒေသကြီးနှင့် ပြည်နယ် အသီးသီးမှ အုပ်ချုပ်သူများ/ နည်းပြများ၊ အားကစား သမားများနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။ ဦးစွာ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးအောင်နိုင်သူက အဖွင့်အမှာစကား ပြောကြားသည်။ ထို့နောက် မြန်မာနိုင်ငံအိုလံပစ်ကော်မတီ ဒုတိယဥက္ကဋ္ဌ၊ အားကစားရေးရာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးညီညီက အမှာစကားပြောကြား၍ ပြိုင်ပွဲအား ဖွင့်လှစ်ပေးသည်။ ယင်းနောက် ပြိုင်ပွဲဝင် အားကစားသမားများက အားကစားသစ္စာအဓိဌာန် (၄) ချက် ရွတ်ဆိုကြသည်။ ၎င်းနောက် ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးအောင်နိုင်သူနှင့် တာဝန်ရှိသူများက ပြိုင်ပွဲဝင် အား ကစားသမားများအား ရင်းရင်းနှီးနှီး လိုက်လံ နှုတ်ဆက်ကြသည်။ ထို့နောက် ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးအောင်နိုင်သူက ဘင်ခရာအဖွဲ့အား ဂုဏ်ပြုချီးမြှင့်ငွေ များကို ပေးအပ်ပြီး ပြိုင်ပွဲဝင် အားကစားသမားများ ကွင်းအတွင်းမှ ပြန်လည်ထွက်ခွာကြသည်။ ယင်းနောက် ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးအောင်နိုင်သူနှင့် တာဝန်ရှိသူများက ပထမပွဲစဉ် အမျိုးသား (၅၁ ကီလို) (လူသစ်တန်း) ဆန်းနိုင်ဌေး (ရန်ကုန်တိုင်းဒေသကြီး)နှင့် ကျော်ကျော်ဌေး (မွန်ပြည် နယ်) တို့၏ ယှဉ်ပြိုင်နေမှုအား ကြည့်ရှုအားပေးသည်။ အဆိုပါ ပြိုင်ပွဲကို အားကစားသမား (၁၂၃) ဦး ပွဲစဉ်ပေါင်း (၁၀၇) ပွဲဖြင့် ၂၀၂၆ ခုနှစ်ဩဂုတ်လ (၁၃) ရက် နေ့ မှ ဩဂုတ်လ (၂၀) ရက်နေ့အထိ နေ့လယ် ၁၂း၀၀ နာရီတွင် ကျင်းပသွားမည်ဖြစ်ကြောင်းသိရသည်။ NOM
Открыть канал и посмотреть медиаချင်းပြည်နယ်အတွင်းရှိ ခရိုင်နှင့် မြို့နယ်အဆင့် ဌာနဆိုင်ရာများအား ဆီနှင့် အခြေခံစားသောက်ကုန်ပစ္စည်းများ ထောက်ပံ့ပေးအပ် သြဂုတ် ၁၂၊ ၂၀၂၆ ချင်းပြည်နယ်အတွင်းရှိ ခရိုင်နှင့် မြို့နယ်အဆင့်ဌာန ဆိုင်ရာများအတွက် အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီမှ ထောက်ပံ့ပေးအပ်သည့် ဆီနှင့် အခြေခံစားသောက်ကုန်ပစ္စည်းများ၊ ယာယီပြည်သူ့ဆေးရုံ၌ ဆေးဝါးကုသမှုခံယူနေသည့် လူနာများအား အာဟာရဖြည့်စွက်စာများနှင့် ဆေးရုံအတွက် လိုအပ်သောဆေးဝါးများကို ယနေ့နံနက်ပိုင်းတွင် နယ်စပ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်ကျော်စွာဦးက ဖလမ်းမြို့တော်ခန်းမနှင့် ဆေးရုံ၌ ထောက်ပံ့ပေးအပ်သည်။ ထို့ပြင် ပြန်လည်တည်ဆောက်ရေးလုပ်ငန်းများဖြစ်သည့် မြို့နယ်ဆည်မြောင်းဦးစီးဌာနအတွင်းရှိ တစ်စိတ်တစ်ပိုင်းပျက်စီးခဲ့သည့် ဌာနဆိုင်ရာရုံးနှင့် ဝန်ထမ်းအိမ်ရာများ ပြုပြင်နေမှုကိုလည်းကောင်း၊ ပြန်လည်ပြုပြင်နေသည့် ရက်ကန်းနှင့် အသက်မွေးပညာသင်တန်းကျောင်း ရုံးအဆောက်အအုံများ၊ ဝန်ထမ်းအိမ်ရာများနှင့် သင်တန်းသား သင်တန်းသူ အိပ်ဆောင်များကိုလည်းကောင်း၊ အကြမ်းဖက်ဖြစ်စဉ်များကြောင့် ပျက်စီးခဲ့ရသည့် သင်ထောက်ကူပစ္စည်းများနှင့် စက်ကိရိယာများကိုလည်းကောင်း၊ မြို့နယ်စည်ပင်သာယာရေးကော်မတီပိုင် ဝန်ထမ်းအိမ်ရာပြုပြင်နေမှုများကိုလည်းကောင်း လှည့်လည်ကြည့်ရှုစစ်ဆေးကာ လိုအပ်ချက်များကို ပေါင်းစပ်ညှိနှိုင်းပေးသည်။ ထို့အတူ တီးတိန်မြို့ ပြန်လည်ထူထောင်ရေးနှင့် ပြန်လည်တည်ဆောက်ရေး လုပ်ငန်းကော်မတီဥက္ကဋ္ဌ ဦးဇော်နိုင်ဦးနှင့် အဖွဲ့သည် ယနေ့နံနက်ပိုင်းတွင် တီးတိန်မြို့နယ်အတွင်း ပြန်လည်ထူထောင်ရေးနှင့် ပြန်လည်တည်ဆောက်ရေးလုပ်ငန်းများ ဆောင်ရွက်နေမှုကိုလည်းကောင်း၊ အမျိုးသမီးအိမ်တွင်းမှု သက်မွေးလုပ်ငန်းပညာသင်တန်းကျောင်း၊ ခုတင် (၁၀၀) ဆံ့ ပြည်သူ့ဆေးရုံ၊ မြို့နယ်သမဝါယမဦးစီးဌာန ဝန်ထမ်းအိမ်ရာနှစ်ခန်းတွဲ၊ RC တစ်ထပ်ပြုပြင်ပြီးစီးမှုနှင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့ ရန်ပုံငွေဖြင့် ဆောင်ရွက်လျက်ရှိသည့် လမ်းလယ်ပန်းခြံနှင့် မြေထိန်းနံရံတည်ဆောက်ရေးလုပ်ငန်းများကိုလည်းကောင်း ကွင်းဆင်းကြည့်ရှုစစ်ဆေးသည်။ အလားတူ တွန်းဇံမြို့ ပြန်လည်ထူထောင်ရေးနှင့် ပြန်လည်တည်ဆောက်ရေးကော်မတီအတွင်းရေးမှူးသည် တစ်စိတ်တစ်ပိုင်းပျက်စီးသည့် မြန်မာ့အသံနှင့် ရုပ်မြင်သံကြားထပ်ဆင့်လွှင့်စက်ရုံ၊ ဝန်ထမ်းအိမ်ရာပြန်လည်ပြုပြင်နေမှုကိုလည်းကောင်း၊ အခြေခံပညာအလယ်တန်းကျောင်းခွဲ ကျောင်းဆောင်ပြန်လည်ပြုပြင်နေမှုကိုလည်းကောင်း၊ မြို့နယ်မီးသတ်ဦးစီးဌာန ရေကန်ပြန်လည်ပြုပြင်နေမှုကိုလည်းကောင်း ကွင်းဆင်းကြည့်ရှုစစ်ဆေးကြောင်း သတင်းရရှိသည်။
Открыть канал и посмотреть медиаSolo los usuarios registrados pueden compartir su opinión.
¡Sé el primero en compartir tu experiencia con este recurso!
Contenido divertido para la recreación: vídeo, humor y entretenimiento en un canal de Telegram. Aumenta el estado de ánimo todos los días.
GraphDex es el equivalente de BloombergTerminalforDeFi. Análisis profundo, gráficos y herramientas para analizar las finanzas descentralizadas.
Apuestas deportivas de 1x en el segmento turco. Coeficiente y partidos.