и посмотреть медиа
DGF21News - оперативные новости
и посмотреть медиа
Точные и оперативные новости: политика, события и актуальные репортажи.
Точные и оперативные новости: политика, события и актуальные репортажи.
🗞️ DGF21News — источник правдивых, быстрых и точных новостей. Канал оперативно информирует о ключевых событиях, обеспечивая достоверность и свежесть контента без искажений.
⚡ Фокус на локальных и международных новостях: политика, экономика, происшествия и культура. Посты подаются лаконично, с акцентом на факты и источники.
📱 Идеально для тех, кто ценит надежную информацию на лету. Регулярные обновления держат в курсе всех важных событий.
ဒေါ်အောင်ဆန်းစုကြည်ကိုလွှတ်ပေးရန် အမေရိကန် နဲ့ ဖိလစ်ပိုင် ထပ်မံတောင်းဆို UNION | ဩဂုတ် ၇ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနနှင့် အရှေ့တောင်အာရှနိုင်ငံများအသင်း (ASEAN) ၏ အလှည့်ကျဥက္ကဋ္ဌ ဖိလစ်ပိုင်တို့က မဲလိမ်မဲခိုးမှုများကြောင့် ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ ဒေါ်အောင်ဆန်းစုကြည်နှင့် အခြားနိုင်ငံရေးအကျဉ်းသားများအားလုံးကို ခြွင်းချက်မရှိ ပြန်လွှတ်ပေးရန် ဩဂုတ်လ ၇ ရက်တွင် ထပ်မံတောင်းဆိုခဲ့သည်။ ဖမ်းဆီးထိန်းသိမ်းခံနေရသော အသက် ၈၁ နှစ်အရွယ် ဒေါ်အောင်ဆန်းစုကြည်ကို ပြီးခဲ့တဲ့ ရက်ပိုင်းတွင်အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ (ICRC) ၏ ကိုယ်စားလှယ်တစ်ဦးနှင့် တွေ့ဆုံမှုကို နိုင်ငံတော်အစိုးရမှ ထုတ်ပြန်ခဲ့သည်။ ၎င်း တွေ့ဆုံမှုအား အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနနှင့် အာဆီယံအလှည့်ကျဥက္ကဋ္ဌတို့က ICRC ၏ ယခုတွေ့ဆုံခွင့်ရရှိမှုကို ကြိုဆိုကြောင်း၊ ဒေါ်အောင်ဆန်းစုကြည်အား ဆေးဝါးကုသမှုအပါအဝင် ပုံမှန် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ဝင်ရောက်တွေ့ဆုံခွင့်များ စတင်ရရှိစေမည့် အစဖြစ်လာမည်ဟု မျှော်လင့်ကြောင်း ဖော်ပြခဲ့သည်။ အာဆီယံအလှည့်ကျဥက္ကဋ္ဌ၏ ထုတ်ပြန်ချက်တွင် -၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလနောက်ပိုင်း မြန်မာနိုင်ငံတွင် ထိန်းသိမ်းခံထားရသူများအား တွေ့ဆုံခွင့်ကို ပိုမိုပေးရန် အပြင် ဒေါ်အောင်ဆန်းစုကြည်အပါအဝင် နိုင်ငံရေးအကျဉ်းသားအားလုံးကို လုံးဝခြွင်းချက်မရှိ ပြန်လွှတ်ပေးရန်လည်း ထပ်မံတောင်းဆိုကြောင်းဖော်ပြထားသည်။ ထိုအပြင် အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနကလည်း X လူမူကွန်ရက်တွင် - "ယခုတွေ့ဆုံမှုသည် ဒေါ်အောင်ဆန်းစုကြည်ထံ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ပုံမှန်ဝင်ရောက်ခွင့်၏ အစဖြစ်လာပြီး နိုင်ငံရေးအကျဉ်းသားအားလုံးထံ ပိုမိုဝင်ရောက်နိုင်မည့် လမ်းကြောင်းတစ်ရပ် ဖြစ်လာမည်ဟု မျှော်လင့်ပါသည်။" ဟု ရေးသားခဲ့ပြီး၊ ဒေါ်အောင်ဆန်းစုကြည်အား ချက်ချင်းနှင့် ခြွင်းချက်မရှိ ပြန်လွှတ်ပေးရန် တောင်းဆိုခဲ့သည်။ ထို့အပြင် အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနက မြန်မာအစိုးရအနေဖြင့် ၂၀၂၁ခုနှစ်မှာ နိုင်ငံရေးအပြောင်းအလဲဖြစ်လာခဲ့ပြီးနောက်ပိုင်း ဖြစ်ပွားနေသော ပဋိပက္ခများကို အဆုံးသတ်နိုင်ရန် ဆွေးနွေးညှိနှိုင်းမှုများတွင် ပါဝင်ဆောင်ရွက်ရန်လည်း တိုက်တွန်းခဲ့သည်။ အာဆီယံအလှည့်ကျဥက္ကဋ္ဌက အာဆီယံ အထူးကိုယ်စားလှယ်အား မြန်မာနိုင်ငံသို့ သွားရောက်ခွင့်ပေးပြီး သက်ဆိုင်သူအားလုံး၊ အထူးသဖြင့် ဒေါ်အောင်ဆန်းစုကြည်နှင့်ပါ တွေ့ဆုံခွင့်ရရှိရန် မျှော်လင့်ကြောင်းလည်း ဖော်ပြခဲ့သည်။ ၎င်းတို့အား တွေ့ဆုံခွင့်ပေးရန်ကိစ္စအား နိုင်ငံတော်အစိုးရမှသာ ဆုံးဖြတ်မည်ဖြစ်သည့်အတွက် တောင်းဆိုမှုသည် တောင်းဆိုမှုသက်သက်သာဖြစ်သည်။ #UNION_Politics_News
Открыть канал и посмотреть медиаТолько зарегистрированные пользователи могут делиться своим мнением.
Станьте первым, кто поделится своим впечатлением об этом ресурсе!
Канал оперативных новостей Мьянмы для периодов ограниченной связи: политика, происшествия, общество.
Spurzine: горячие новости, музыка, лирика и развлечения из Уганды и Восточной Африки.
Nay Zin Latt: канал с новостями, событиями и анализом. Регулярные публикации.