Logo
TGCATALOG
Catálogo Selecciones Blog
Kanbawza Tai News - новости Мьянмы

Kanbawza Tai News - новости Мьянмы

Канал бирманских новостей из Канбазы: политика, экономика и события региона.

Sin valoraciones
626
10.09.2026
626
10.09.2026
Sin valoraciones
626
10.09.2026
Redirección segura vía bot
О канале

Канал бирманских новостей из Канбазы: политика, экономика и события региона.

Подписчиков 1,591
Тематика Noticias
Язык Español
Ссылка t.me/kbztainews
Descripción

Kanbawza Tai News - официальный канал новостей на бирманском языке из Канбазы. Свежие репортажи о местных и национальных событиях: политика, экономика, культура и спорт. 📰🇲🇲

Ежедневные обновления с фото, видео и анализом. Охватываются новости штата Шан, Бангкока и всей Мьянмы. Идеально для бирманцев за рубежом и интересующихся регионом. 🌏📺

Канал информирует о развитии инфраструктуры, традициях и повседневной жизни. Надежный источник для аутентичных новостей на родном языке. 🔍🏞️

Últimas publicaciones

Kanbawza Tai News - новости Мьянмы
Kanbawza Tai News - новости Мьянмы
🔒Открыть пост
и посмотреть медиа
❏ ယနေ့အတွက် သတင်းများ | 26-8-2026 (ရုပ်သံ) . ■ တောင်ကြီးစည်ပင် နယ်နိမိတ်အတွင်းရှိ ခွေးလေခွေးလွင့်များကို ရှင်းလင်းသွားမည် ■ ပေါမူရှိ ဂိုဒေါင်အတွင်းမှ သိန်း ၈၀၀ ကျော် တန်ဖိုးရှိ အကောက်ခွန်မဲ့ ကုန်ပစ္စည်းများ ဖမ်းမိ ■ ထိုင်းနိုင်ငံမှာ အလုပ်လက်မဲ့ ဦးရေ ၄ သိန်းအထိ မြင့်တက်သည့်အပြင် လုပ်ခလစာ ကျဆင်း . #KBZTai #Shan #Broadcasting #News . Link – Ссылка скрыта
Kanbawza Tai News - новости Мьянмы
Kanbawza Tai News - новости Мьянмы
🔒Открыть пост
и посмотреть медиа
❏ ပါကစ္စတန်မြို့တော်က ဆေးရုံမီးလောင်မှု မွေးကင်းစကလေး တစ်ဒါဇင်ကျော် သေဆုံး . ၂၀၂၆ ခုနှစ်၊ ဩဂုတ်လ ၂၆ ရက် . ပါကစ္စတန်နိုင်ငံ မြို့တော် အစ္စလာမ္မာဘတ်ရှိ အကြီးဆုံးဆေးရုံဖြစ်တဲ့ Pakistan Institute for Medical Sciences (PIMS) ရဲ့ မီးဖွားမီးယပ်ဆောင်မှာ မီးလောင်မှုဖြစ်ပွားခဲ့ပြီး မွေးကင်းစကလေး ၁၃ ဦးထက်မနည်း သေဆုံးခဲ့တယ်လို့ ရဲတပ်ဖွဲ့က CNN ကို ပြောပါတယ်။ . မွေးကင်းစကလေးတွေ ထားရှိတဲ့ Nursery အခန်းထဲမှာ မီးစတင်လောင်ကျွမ်းခဲ့တာဖြစ်ပြီး အဲယားကွန်း Compressor ပေါက်ကွဲမှုကြောင့် ဖြစ်နိုင်တယ်လို့ ကယ်ဆယ်ရေးအဖွဲ့တွေက ပြောပါတယ်။ ဆေးရုံ တာဝန်ရှိသူတွေက ကလေးတစ်ဦးကို ကယ်တင်နိုင်ခဲ့ပေမဲ့ အချို့ကလေးတွေဟာ စိုးရိမ်ရတဲ့အခြေအနေမှာ ရှိနေပြီး သေဆုံးသူအရေအတွက် ထပ်မံမြင့်တက်လာနိုင်တယ်လို့ ဆိုပါတယ်။ . အစ္စလာမ္မာဘတ်မြို့တော် အရေးပေါ်တာဝန်ရှိသူ Sohail Ashraf က မီးလောင်မှုနဲ့ပတ်သက်တဲ့ အရေးပေါ် ဖုန်းခေါ်ဆိုမှုကို ဒေသစံတော်ချိန် ဗုဒ္ဓဟူးနေ့ မနက် ၇ နာရီမတိုင်ခင် အချိန်မှာ လက်ခံရရှိခဲ့တယ်လို့ ပြောပါတယ်။ . အစိုးရပိုင် PIMS ဆေးရုံဟာ ပါကစ္စတန်မြို့တော် အစ္စလာမ္မာဘတ်မှာ ကျယ်ဝန်းတဲ့မြေနေရာပေါ် တည်ဆောက်ထားတဲ့ ဆေးရုံကြီးတစ်ခု ဖြစ်ပါတယ်။ ဆေးရုံရဲ့ ဝက်ဘ်ဆိုက်မှာ ဖော်ပြထားချက်အရ PIMS ရဲ့ ရည်မှန်းချက်က နိုင်ငံတကာ ဆေးဘက်ဆိုင်ရာ စံနှုန်းတွေနဲ့အညီ ဆေးကျောင်းသားတွေ၊ ဆေးဘက်ဆိုင်ရာ အကူဝန်ထမ်းတွေ၊ ဘွဲ့လွန်သုတေသနပညာရှင်တွေကို သင်ကြားပေးနိုင်တဲ့ ထိပ်တန်းဆေးသုတေသန တက္ကသိုလ်တစ်ခု ဖြစ်လာဖို့ ဖြစ်ပါတယ်။ . ပါကစ္စတန်နိုင်ငံမှာ ဆေးရုံမီးလောင်မှုတွေ မကြာခဏ ဖြစ်ပွားလေ့ရှိပြီး အထူးသဖြင့် အစိုးရဆေးရုံတွေမှာ လျှပ်စစ်စနစ်ဟောင်းတွေ အသုံးပြုနေရတာကြောင့် မီးလောင်မှုအန္တရာယ် ပိုများပါတယ်။ . Ref – CNN . Ссылка скрыта . #KBZTai #International #Pakistan .
Kanbawza Tai News - новости Мьянмы
Kanbawza Tai News - новости Мьянмы
🔒Открыть пост
и посмотреть медиа
❏ 99 KTV အမှု အမှန်တရားအတိုင်း အမိန့်ချမှတ်စေလိုသည်ဟု ဆို . ၂၀၂၆ ခုနှစ်၊ ဩဂုတ်လ ၂၁ ရက် . တောင်ကြီးမြို့နယ်၊ အေးသာယာမြို့၊ ရပ်ကွက်(၃)၊ နယ်မြေ(၄)၊ အကွက်ကြီး (၃၇)၊ အိမ်အမှတ် (၁၂၄)၌ ဖွင့်လှစ်ထားသော 99 KTV ၌ ပြီးခဲ့သည့် ဧပြီလ ၂၅ ရက်က Happy Water များဖြင် ဖမ်းမိခဲ့သော အမှုအား သက်ဆိုင်ရာများမှ အမှန်တရားအတိုင်း ဥပဒေနှင့် အညီ အမိန့်ချမှတ် ဆောင်ရွက်စေလိုသည်ဟု သတင်းရင်းမြစ် တစ်ဦးက ပြောသည်။ . တောင်ကြီးခရိုင်ရဲတပ်ဖွဲ့နှင့် အေးသာယာနယ်မြေရဲစခန်းမှ တပ်ဖွဲ့ဝင်များသည် သက်သေများနှင့် အတူ ဧပြီလ ၂၅ ရက်၊ နံနက် ၁၁ နာရီခွဲ ကျော်ခန့်က အေးသာယာမြို့ရှိ 99 KTV ကာရာအိုကေ အခန်းများတွင် မူးယစ်ဆေးဝါးများ သုံးစွဲပြီး “Hi”ခန်း ဖွင့်လှစ်နေကြကြောင်း သတင်းအရ ဝင်ရောက် ရှာဖွေရာ VIP-1 အခန်း အတွင်း၌ DJ သီချင်းများ ဖွင့်၍ သောက်စား ကခုန်နေကြသော ပြည့်စုံ၊ ဇူးဇင်ဖြိုး (ခ) သဲဆု၊ မေဇင်ကျော် (ခ) ပြည့်ပြည့်၊ ဖူးဝေလွင် (ခ) ဖူးဖူး နှင့် နန့်ဆန်ထိန် (ခ) ဝေချော တို့ ၅ ဦးအား တွေ့ရှိရပြီး အခန်းစားပွဲပေါ်တွင် စိတ်ပြောင်းဆေးဝါးဟု ယူဆရသည့် Happy Water ၂ ဒသမ ၅ ဂရမ်ခန့် အပါအဝင် အခြားသက်သေခံ ပစ္စည်းများနှင့် ဖမ်းမိခဲ့ခြင်း ဖြစ်သည်ဟု သိရသည်။ . စိတ်ပြောင်း မူးယစ်ဆေးဝါးများ သုံးစွဲ၍ DJ သီချင်းများ ဖွင့်ကာ “Hi” ခန်းအဖြစ် ပြုလုပ်ပြီး ကခုန်နေကြသူ ၅ ဦးနှင့် ဆိုင်ပိုင်ရှင် နေဝင်းကျော်၊ ဆိုင်ဝန်ထမ်း ဇော်ဝင်းနိုင် တို့ကို အေးသာယာ နယ်မြေရဲစခန်းတွင် မယ(ပ) ၁၆/၂၀၂၆၊ မူး/စိတ်ပုဒ်မ- ၁၆(ဂ)/၂၁ အရ အမှုဖွင့် ဖမ်းဆီး အရေးယူထားခြင်း ဖြစ်ကြောင်း သိရသည်။ . အဆိုပါ အမှုအား သက်ဆိုင်ရာ တာဝန်ရှိသူများ အနေဖြင့် တရားဥပဒေအရ အမှန်အတိုင်း ဆောင်ရွက်ရန် အကြောင်းသိ သတင်းရင်းမြစ် တစ်ဦးက ကမ္ဘောဇတိုင်းသို့ ဆက်သွယ် ပြောဆိုလာခြင်း ဖြစ်သည်။ . “ ငွေမျက်နှာ တစ်ခုတည်း ကြည့်ပြီး တရားခံတွေကို အမှုကနေ လွတ်ဖို့အတွက် စီစဉ်နေကြတာပါ။ အဲဒီလို လုပ်နေတာကို လူကြီးတချို့ကလည်း သိလျက်နဲ့ ငြိမ်နေကြပါတယ်။ ဆိုင်ရှင်က ရဲတပ်ဖွဲ့ဝင် ရဲ့ သားသမီး ဖြစ်လို့ မျက်နှာသာ ပေးထားပြီး တရားခံတွေ လွတ်အောင် လုပ်နေတာကို နိုင်ငံတော်အဆင့် လူကြီးတွေ သိစေချင်တာပါ။” ယင်း သတင်းရင်းမြစ်က ဆိုသည်။ . မှုခင်းဆရာဝန်၊ တရားသူကြီးနှင့် ဥပဒေအရာရှိ တို့က အမှုအား ပပျောက်စေရန် ဆောင်ရွက်မှုများ ရှိသည်ဟု သတင်းရင်းမြစ်က ပြောဆိုခဲ့သော်လည်း၊ သက်ဆိုင်ရာ တရားရုံးက အမိန့်ချမှတ်မှု မပြုရသေးသည့် အခြေအနေနှင့် လုံလောက်သည့် သက်သေအထောက်အထားများ မရှိသည့် အခြေအနေများကြောင့် ကမ္ဘောဇတိုင်းအနေဖြင့် အတည်ပြု နိုင်ခြင်း မရှိသေးပေ။ . အဆိုပါ ဖမ်းဆီးမှုတွင် ပါဝင်ခဲ့သူ တစ်ဦးအား ဆက်သွယ်မေးမြန်းရာတွင် ဖမ်းဆီးသည့် ဖြစ်စဉ်မှာ မှန်ကန်ကြောင်း၊ ညှိနှိုင်းမှုများ ရှိ/မရှိကိုမူ မသိရှိကြောင်းနှင့် ၎င်းတို့၏ ဖမ်းဆီးခြင်း လုပ်ငန်းသည် အခြားဌာနများသို့ ငွေရှာ ပေးနေသကဲ့သို့ ဖြစ်နေသည်ဟု ဖြေဆိုခဲ့သည်။ . Link - Ссылка скрыта . #KBTai #Shan #99KTV #AyeTharYar
Kanbawza Tai News - новости Мьянмы
Kanbawza Tai News - новости Мьянмы
🔒Открыть пост
и посмотреть медиа
❏ ဘရာဇီးမှာ ဘတ်စ်ကားနဲ့ ထရပ်ကား တိုက်မိပြီး ၂၃ ဦး သေဆုံး . ၂၀၂၆ ခုနှစ်၊ ဩဂုတ်လ ၂၁ ရက် . ဘရာဇီးနိုင်ငံ ပါရာနာပြည်နယ်မှာ လူနာနဲ့ ကျန်းမာရေး ဝန်ထမ်းတွေ လိုက်ပါလာတဲ့ မီနီဘတ်စ်နဲ့ ထရပ်ကားတို့ မျက်နှာချင်းဆိုင် တိုက်မိတာကြောင့် လူ ၂၃ ဦး သေဆုံးပြီး ၅ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ AP သတင်းမှာ ဖော်ပြထားပါတယ်။ . မတော်တဆမှုဟာ ဗုဒ္ဓဟူးနေ့ မနက် ၃ နာရီခွဲလောက်မှာ အီပီရန်ဂါမြို့အနီး အဝေးပြေးလမ်းမပေါ်မှာ ဖြစ်ပွားခဲ့တာပါ။ ရဲတပ်ဖွဲ့ရဲ့ ကနဦးစစ်ဆေးချက်အရ ကုန်ပစ္စည်း တင်ဆောင်ထားခြင်း မရှိတဲ့ ထရပ်ကားဟာ လမ်းကြောင်း ပြောင်းပြီး တစ်ဖက် ယာဉ်ကြောထဲ ဝင်ရောက်သွားတာကြောင့် မီနီဘတ်စ်နဲ့ မျက်နှာချင်းဆိုင် တိုက်မိခဲ့တာလို့ သိရပါတယ်။ . မီနီဘတ်စ်ဟာ အင်ဘီတူဗာမြို့ကနေ ထွက်ခွာလာတာဖြစ်ပြီး ထရပ်ကားကတော့ ရီယိုဂရန်ဒီဒိုဆူးပြည်နယ်၊ အဲရီချင်မြို့က ဖြစ်ပါတယ်။ ဒဏ်ရာ ရရှိသူ ၅ ဦးအနက် ၃ ဦးဟာ အခြေအနေ ပြင်းထန်တယ်လို့ ဒေသတွင်း မီဒီယာတွေက ဖော်ပြပါတယ်။ . ဒီမတော်တဆမှုဟာ ပါရာနာပြည်နယ်အတွင်း ၂၀၂၁ ခုနှစ်နောက်ပိုင်း လူသေဆုံးမှုအများဆုံး ယာဉ်တိုက်မှုတစ်ခု ဖြစ်လာပါတယ်။ ၂၀၂၁ ခုနှစ်ကလည်း ကူရီတီဘာမြို့အပြင်ဘက်မှာ ဘတ်စ်ကားတစ်စီး တိမ်းမှောက်ခဲ့တာကြောင့် လူ ၁၉ ဦး သေဆုံးခဲ့ပါတယ်။ . မီနီဘတ်စ်ပေါ်မှာတော့ ကျန်းမာရေးဝန်ထမ်းတွေ၊ ဆေးကုသမှုခံယူမယ့် လူနာတွေနဲ့ မိသားစုဝင် တချို့ လိုက်ပါလာကြတာ ဖြစ်ပါတယ်။ သေဆုံးသူ ၂၃ ဦးထဲမှာ အမျိုးသမီး ၁၃ ဦး၊ အမျိုးသား ၈ ဦးနဲ့ ကလေး ၂ ဦး ပါဝင်ပါတယ်။ . မတော်တဆမှု ဖြစ်ပြီး နာရီပေါင်းများစွာ ကြာတဲ့အထိ ကယ်ဆယ်ရေး အဖွဲ့တွေနဲ့ ရဲတပ်ဖွဲ့တွေက အခင်းဖြစ် နေရာမှာ ဆက်လက် လုပ်ဆောင်ခဲ့ကြပြီး လမ်းကိုလည်း ၇ နာရီကြာ ပိတ်ထားခဲ့ရပါတယ်။ ရုပ်သံ ဖော်ပြချက်တွေအရ ထရပ်ကားဟာ လမ်းဘေးမှာ ရပ်တန့်နေတာကို တွေ့ရပြီး မီနီဘတ်စ်ကတော့ အပြင်းအထန် ပျက်စီးခဲ့ပါတယ်။ မှန်ကွဲစတွေ၊ ခရီးသည်တွေရဲ့ ပစ္စည်းတွေကလည်း လမ်းပေါ်မှာ ပြန့်ကျဲနေခဲ့ပါတယ်။ . ဒီ ဖြစ်ရပ်ကြောင့် ပါရာနာပြည်နယ် အုပ်ချုပ်ရေးမှူး ရာတင်ဟို ဂျူနီယာ က ပြည်နယ်အတွင်း ဝမ်းနည်းခြင်း အထိမ်းအမှတ် ၃ ရက် သတ်မှတ်ကြောင်း ကြေညာခဲ့ပါတယ်။ . Rer – AP News . #KBZTai #Shan #Brazil #Accident . Link - Ссылка скрыта
Kanbawza Tai News - новости Мьянмы
Evolución de suscriptores
+0.0% últimos 30 días
Actuales
1,591
Hace un mes
1,591
Crecimiento medio
+0 / día
Actualizado
hace 3 días

Reseñas de canal Kanbawza Tai News - новости Мьянмы

Inicia sesión para dejar una reseña

Solo los usuarios registrados pueden compartir su opinión.

Aún no hay reseñas

¡Sé el primero en compartir tu experiencia con este recurso!

Recursos similares

Katie HopkinsVistas provocativas sobre Gran Bretaña. Política, migración, cultura - un comentario agudo sobre los acontecimientos.

Canal

Un canal con noticias instantáneas sobre Jerusalén y la Mezquita de Al-Aqsa.

Canal
37

Mapa interactivo y resúmenes sobre SVO. Monitoreo visible de la línea del frente y eventos clave en tiempo real.

Canal
Cambiar a tema claro
Inicio Catálogo Selecciones Blog Entrar