и посмотреть медиа
Kanbawza Tai News - новости Мьянмы
и посмотреть медиа
Канал бирманских новостей из Канбазы: политика, экономика и события региона.
Канал бирманских новостей из Канбазы: политика, экономика и события региона.
Kanbawza Tai News - официальный канал новостей на бирманском языке из Канбазы. Свежие репортажи о местных и национальных событиях: политика, экономика, культура и спорт. 📰🇲🇲
Ежедневные обновления с фото, видео и анализом. Охватываются новости штата Шан, Бангкока и всей Мьянмы. Идеально для бирманцев за рубежом и интересующихся регионом. 🌏📺
Канал информирует о развитии инфраструктуры, традициях и повседневной жизни. Надежный источник для аутентичных новостей на родном языке. 🔍🏞️
❏ ယနေ့အတွက် သတင်းများ | 26-8-2026 (ရုပ်သံ) . ■ တောင်ကြီးစည်ပင် နယ်နိမိတ်အတွင်းရှိ ခွေးလေခွေးလွင့်များကို ရှင်းလင်းသွားမည် ■ ပေါမူရှိ ဂိုဒေါင်အတွင်းမှ သိန်း ၈၀၀ ကျော် တန်ဖိုးရှိ အကောက်ခွန်မဲ့ ကုန်ပစ္စည်းများ ဖမ်းမိ ■ ထိုင်းနိုင်ငံမှာ အလုပ်လက်မဲ့ ဦးရေ ၄ သိန်းအထိ မြင့်တက်သည့်အပြင် လုပ်ခလစာ ကျဆင်း . #KBZTai #Shan #Broadcasting #News . Link – Ссылка скрыта
Открыть канал и посмотреть медиа❏ ပါကစ္စတန်မြို့တော်က ဆေးရုံမီးလောင်မှု မွေးကင်းစကလေး တစ်ဒါဇင်ကျော် သေဆုံး . ၂၀၂၆ ခုနှစ်၊ ဩဂုတ်လ ၂၆ ရက် . ပါကစ္စတန်နိုင်ငံ မြို့တော် အစ္စလာမ္မာဘတ်ရှိ အကြီးဆုံးဆေးရုံဖြစ်တဲ့ Pakistan Institute for Medical Sciences (PIMS) ရဲ့ မီးဖွားမီးယပ်ဆောင်မှာ မီးလောင်မှုဖြစ်ပွားခဲ့ပြီး မွေးကင်းစကလေး ၁၃ ဦးထက်မနည်း သေဆုံးခဲ့တယ်လို့ ရဲတပ်ဖွဲ့က CNN ကို ပြောပါတယ်။ . မွေးကင်းစကလေးတွေ ထားရှိတဲ့ Nursery အခန်းထဲမှာ မီးစတင်လောင်ကျွမ်းခဲ့တာဖြစ်ပြီး အဲယားကွန်း Compressor ပေါက်ကွဲမှုကြောင့် ဖြစ်နိုင်တယ်လို့ ကယ်ဆယ်ရေးအဖွဲ့တွေက ပြောပါတယ်။ ဆေးရုံ တာဝန်ရှိသူတွေက ကလေးတစ်ဦးကို ကယ်တင်နိုင်ခဲ့ပေမဲ့ အချို့ကလေးတွေဟာ စိုးရိမ်ရတဲ့အခြေအနေမှာ ရှိနေပြီး သေဆုံးသူအရေအတွက် ထပ်မံမြင့်တက်လာနိုင်တယ်လို့ ဆိုပါတယ်။ . အစ္စလာမ္မာဘတ်မြို့တော် အရေးပေါ်တာဝန်ရှိသူ Sohail Ashraf က မီးလောင်မှုနဲ့ပတ်သက်တဲ့ အရေးပေါ် ဖုန်းခေါ်ဆိုမှုကို ဒေသစံတော်ချိန် ဗုဒ္ဓဟူးနေ့ မနက် ၇ နာရီမတိုင်ခင် အချိန်မှာ လက်ခံရရှိခဲ့တယ်လို့ ပြောပါတယ်။ . အစိုးရပိုင် PIMS ဆေးရုံဟာ ပါကစ္စတန်မြို့တော် အစ္စလာမ္မာဘတ်မှာ ကျယ်ဝန်းတဲ့မြေနေရာပေါ် တည်ဆောက်ထားတဲ့ ဆေးရုံကြီးတစ်ခု ဖြစ်ပါတယ်။ ဆေးရုံရဲ့ ဝက်ဘ်ဆိုက်မှာ ဖော်ပြထားချက်အရ PIMS ရဲ့ ရည်မှန်းချက်က နိုင်ငံတကာ ဆေးဘက်ဆိုင်ရာ စံနှုန်းတွေနဲ့အညီ ဆေးကျောင်းသားတွေ၊ ဆေးဘက်ဆိုင်ရာ အကူဝန်ထမ်းတွေ၊ ဘွဲ့လွန်သုတေသနပညာရှင်တွေကို သင်ကြားပေးနိုင်တဲ့ ထိပ်တန်းဆေးသုတေသန တက္ကသိုလ်တစ်ခု ဖြစ်လာဖို့ ဖြစ်ပါတယ်။ . ပါကစ္စတန်နိုင်ငံမှာ ဆေးရုံမီးလောင်မှုတွေ မကြာခဏ ဖြစ်ပွားလေ့ရှိပြီး အထူးသဖြင့် အစိုးရဆေးရုံတွေမှာ လျှပ်စစ်စနစ်ဟောင်းတွေ အသုံးပြုနေရတာကြောင့် မီးလောင်မှုအန္တရာယ် ပိုများပါတယ်။ . Ref – CNN . Ссылка скрыта . #KBZTai #International #Pakistan .
Открыть канал и посмотреть медиа❏ 99 KTV အမှု အမှန်တရားအတိုင်း အမိန့်ချမှတ်စေလိုသည်ဟု ဆို . ၂၀၂၆ ခုနှစ်၊ ဩဂုတ်လ ၂၁ ရက် . တောင်ကြီးမြို့နယ်၊ အေးသာယာမြို့၊ ရပ်ကွက်(၃)၊ နယ်မြေ(၄)၊ အကွက်ကြီး (၃၇)၊ အိမ်အမှတ် (၁၂၄)၌ ဖွင့်လှစ်ထားသော 99 KTV ၌ ပြီးခဲ့သည့် ဧပြီလ ၂၅ ရက်က Happy Water များဖြင် ဖမ်းမိခဲ့သော အမှုအား သက်ဆိုင်ရာများမှ အမှန်တရားအတိုင်း ဥပဒေနှင့် အညီ အမိန့်ချမှတ် ဆောင်ရွက်စေလိုသည်ဟု သတင်းရင်းမြစ် တစ်ဦးက ပြောသည်။ . တောင်ကြီးခရိုင်ရဲတပ်ဖွဲ့နှင့် အေးသာယာနယ်မြေရဲစခန်းမှ တပ်ဖွဲ့ဝင်များသည် သက်သေများနှင့် အတူ ဧပြီလ ၂၅ ရက်၊ နံနက် ၁၁ နာရီခွဲ ကျော်ခန့်က အေးသာယာမြို့ရှိ 99 KTV ကာရာအိုကေ အခန်းများတွင် မူးယစ်ဆေးဝါးများ သုံးစွဲပြီး “Hi”ခန်း ဖွင့်လှစ်နေကြကြောင်း သတင်းအရ ဝင်ရောက် ရှာဖွေရာ VIP-1 အခန်း အတွင်း၌ DJ သီချင်းများ ဖွင့်၍ သောက်စား ကခုန်နေကြသော ပြည့်စုံ၊ ဇူးဇင်ဖြိုး (ခ) သဲဆု၊ မေဇင်ကျော် (ခ) ပြည့်ပြည့်၊ ဖူးဝေလွင် (ခ) ဖူးဖူး နှင့် နန့်ဆန်ထိန် (ခ) ဝေချော တို့ ၅ ဦးအား တွေ့ရှိရပြီး အခန်းစားပွဲပေါ်တွင် စိတ်ပြောင်းဆေးဝါးဟု ယူဆရသည့် Happy Water ၂ ဒသမ ၅ ဂရမ်ခန့် အပါအဝင် အခြားသက်သေခံ ပစ္စည်းများနှင့် ဖမ်းမိခဲ့ခြင်း ဖြစ်သည်ဟု သိရသည်။ . စိတ်ပြောင်း မူးယစ်ဆေးဝါးများ သုံးစွဲ၍ DJ သီချင်းများ ဖွင့်ကာ “Hi” ခန်းအဖြစ် ပြုလုပ်ပြီး ကခုန်နေကြသူ ၅ ဦးနှင့် ဆိုင်ပိုင်ရှင် နေဝင်းကျော်၊ ဆိုင်ဝန်ထမ်း ဇော်ဝင်းနိုင် တို့ကို အေးသာယာ နယ်မြေရဲစခန်းတွင် မယ(ပ) ၁၆/၂၀၂၆၊ မူး/စိတ်ပုဒ်မ- ၁၆(ဂ)/၂၁ အရ အမှုဖွင့် ဖမ်းဆီး အရေးယူထားခြင်း ဖြစ်ကြောင်း သိရသည်။ . အဆိုပါ အမှုအား သက်ဆိုင်ရာ တာဝန်ရှိသူများ အနေဖြင့် တရားဥပဒေအရ အမှန်အတိုင်း ဆောင်ရွက်ရန် အကြောင်းသိ သတင်းရင်းမြစ် တစ်ဦးက ကမ္ဘောဇတိုင်းသို့ ဆက်သွယ် ပြောဆိုလာခြင်း ဖြစ်သည်။ . “ ငွေမျက်နှာ တစ်ခုတည်း ကြည့်ပြီး တရားခံတွေကို အမှုကနေ လွတ်ဖို့အတွက် စီစဉ်နေကြတာပါ။ အဲဒီလို လုပ်နေတာကို လူကြီးတချို့ကလည်း သိလျက်နဲ့ ငြိမ်နေကြပါတယ်။ ဆိုင်ရှင်က ရဲတပ်ဖွဲ့ဝင် ရဲ့ သားသမီး ဖြစ်လို့ မျက်နှာသာ ပေးထားပြီး တရားခံတွေ လွတ်အောင် လုပ်နေတာကို နိုင်ငံတော်အဆင့် လူကြီးတွေ သိစေချင်တာပါ။” ယင်း သတင်းရင်းမြစ်က ဆိုသည်။ . မှုခင်းဆရာဝန်၊ တရားသူကြီးနှင့် ဥပဒေအရာရှိ တို့က အမှုအား ပပျောက်စေရန် ဆောင်ရွက်မှုများ ရှိသည်ဟု သတင်းရင်းမြစ်က ပြောဆိုခဲ့သော်လည်း၊ သက်ဆိုင်ရာ တရားရုံးက အမိန့်ချမှတ်မှု မပြုရသေးသည့် အခြေအနေနှင့် လုံလောက်သည့် သက်သေအထောက်အထားများ မရှိသည့် အခြေအနေများကြောင့် ကမ္ဘောဇတိုင်းအနေဖြင့် အတည်ပြု နိုင်ခြင်း မရှိသေးပေ။ . အဆိုပါ ဖမ်းဆီးမှုတွင် ပါဝင်ခဲ့သူ တစ်ဦးအား ဆက်သွယ်မေးမြန်းရာတွင် ဖမ်းဆီးသည့် ဖြစ်စဉ်မှာ မှန်ကန်ကြောင်း၊ ညှိနှိုင်းမှုများ ရှိ/မရှိကိုမူ မသိရှိကြောင်းနှင့် ၎င်းတို့၏ ဖမ်းဆီးခြင်း လုပ်ငန်းသည် အခြားဌာနများသို့ ငွေရှာ ပေးနေသကဲ့သို့ ဖြစ်နေသည်ဟု ဖြေဆိုခဲ့သည်။ . Link - Ссылка скрыта . #KBTai #Shan #99KTV #AyeTharYar
Открыть канал и посмотреть медиа❏ ဘရာဇီးမှာ ဘတ်စ်ကားနဲ့ ထရပ်ကား တိုက်မိပြီး ၂၃ ဦး သေဆုံး . ၂၀၂၆ ခုနှစ်၊ ဩဂုတ်လ ၂၁ ရက် . ဘရာဇီးနိုင်ငံ ပါရာနာပြည်နယ်မှာ လူနာနဲ့ ကျန်းမာရေး ဝန်ထမ်းတွေ လိုက်ပါလာတဲ့ မီနီဘတ်စ်နဲ့ ထရပ်ကားတို့ မျက်နှာချင်းဆိုင် တိုက်မိတာကြောင့် လူ ၂၃ ဦး သေဆုံးပြီး ၅ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ AP သတင်းမှာ ဖော်ပြထားပါတယ်။ . မတော်တဆမှုဟာ ဗုဒ္ဓဟူးနေ့ မနက် ၃ နာရီခွဲလောက်မှာ အီပီရန်ဂါမြို့အနီး အဝေးပြေးလမ်းမပေါ်မှာ ဖြစ်ပွားခဲ့တာပါ။ ရဲတပ်ဖွဲ့ရဲ့ ကနဦးစစ်ဆေးချက်အရ ကုန်ပစ္စည်း တင်ဆောင်ထားခြင်း မရှိတဲ့ ထရပ်ကားဟာ လမ်းကြောင်း ပြောင်းပြီး တစ်ဖက် ယာဉ်ကြောထဲ ဝင်ရောက်သွားတာကြောင့် မီနီဘတ်စ်နဲ့ မျက်နှာချင်းဆိုင် တိုက်မိခဲ့တာလို့ သိရပါတယ်။ . မီနီဘတ်စ်ဟာ အင်ဘီတူဗာမြို့ကနေ ထွက်ခွာလာတာဖြစ်ပြီး ထရပ်ကားကတော့ ရီယိုဂရန်ဒီဒိုဆူးပြည်နယ်၊ အဲရီချင်မြို့က ဖြစ်ပါတယ်။ ဒဏ်ရာ ရရှိသူ ၅ ဦးအနက် ၃ ဦးဟာ အခြေအနေ ပြင်းထန်တယ်လို့ ဒေသတွင်း မီဒီယာတွေက ဖော်ပြပါတယ်။ . ဒီမတော်တဆမှုဟာ ပါရာနာပြည်နယ်အတွင်း ၂၀၂၁ ခုနှစ်နောက်ပိုင်း လူသေဆုံးမှုအများဆုံး ယာဉ်တိုက်မှုတစ်ခု ဖြစ်လာပါတယ်။ ၂၀၂၁ ခုနှစ်ကလည်း ကူရီတီဘာမြို့အပြင်ဘက်မှာ ဘတ်စ်ကားတစ်စီး တိမ်းမှောက်ခဲ့တာကြောင့် လူ ၁၉ ဦး သေဆုံးခဲ့ပါတယ်။ . မီနီဘတ်စ်ပေါ်မှာတော့ ကျန်းမာရေးဝန်ထမ်းတွေ၊ ဆေးကုသမှုခံယူမယ့် လူနာတွေနဲ့ မိသားစုဝင် တချို့ လိုက်ပါလာကြတာ ဖြစ်ပါတယ်။ သေဆုံးသူ ၂၃ ဦးထဲမှာ အမျိုးသမီး ၁၃ ဦး၊ အမျိုးသား ၈ ဦးနဲ့ ကလေး ၂ ဦး ပါဝင်ပါတယ်။ . မတော်တဆမှု ဖြစ်ပြီး နာရီပေါင်းများစွာ ကြာတဲ့အထိ ကယ်ဆယ်ရေး အဖွဲ့တွေနဲ့ ရဲတပ်ဖွဲ့တွေက အခင်းဖြစ် နေရာမှာ ဆက်လက် လုပ်ဆောင်ခဲ့ကြပြီး လမ်းကိုလည်း ၇ နာရီကြာ ပိတ်ထားခဲ့ရပါတယ်။ ရုပ်သံ ဖော်ပြချက်တွေအရ ထရပ်ကားဟာ လမ်းဘေးမှာ ရပ်တန့်နေတာကို တွေ့ရပြီး မီနီဘတ်စ်ကတော့ အပြင်းအထန် ပျက်စီးခဲ့ပါတယ်။ မှန်ကွဲစတွေ၊ ခရီးသည်တွေရဲ့ ပစ္စည်းတွေကလည်း လမ်းပေါ်မှာ ပြန့်ကျဲနေခဲ့ပါတယ်။ . ဒီ ဖြစ်ရပ်ကြောင့် ပါရာနာပြည်နယ် အုပ်ချုပ်ရေးမှူး ရာတင်ဟို ဂျူနီယာ က ပြည်နယ်အတွင်း ဝမ်းနည်းခြင်း အထိမ်းအမှတ် ၃ ရက် သတ်မှတ်ကြောင်း ကြေညာခဲ့ပါတယ်။ . Rer – AP News . #KBZTai #Shan #Brazil #Accident . Link - Ссылка скрыта
Открыть канал и посмотреть медиаТолько зарегистрированные пользователи могут делиться своим мнением.
Станьте первым, кто поделится своим впечатлением об этом ресурсе!
Канал BLM remote scanner для трансляций крупных событий в Миннесоте. Информация с места событий и новости в реальном времени.
Старейший молодежный журнал Кубы. Пространство для информации, скачивания контента и обсуждения настоящего и будущего.