и посмотреть медиа
Myanmar Hard Talk - новости Мьянмы
и посмотреть медиа
Новостной канал Мьянмы с острыми репортажами и анализом текущих событий.
Новостной канал Мьянмы с острыми репортажами и анализом текущих событий.
🗣️ Myanmar Hard Talk - новостной канал Мьянмы с акцентом на острые темы и прямолинейные репортажи. Здесь обсуждаются политика, конфликты и социальные проблемы без прикрас.
🔥 Контент включает интервью, дебаты и эксклюзивные материалы. Обновления оперативны, с фокусом на 'hard talk' - честные разговоры о реальности.
📢 Подходит для аудитории, ищущей глубокий анализ новостей Мьянмы. Видео, тексты и обсуждения помогают понять суть событий.
❝နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်ထံသို့ ဗီယက်နမ်နိုင်ငံခြားရေးဝန်ကြီး လာရောက်ဂါရဝပြုတွေ့ဆုံ❞ ≋သမ္မတ တိုလမ်၏ ဗီယက်နမ်ခရီးစဉ် ဖိတ်ကြားချက် ပေးပို့ခဲ့≋ သတင်းအပြည့်အစုံ 👇👇👇👇👇👇👇
Открыть канал и посмотреть медиа❝နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်ထံသို့ ဗီယက်နမ်နိုင်ငံခြားရေးဝန်ကြီး လာရောက်ဂါရဝပြုတွေ့ဆုံ❞ ≋သမ္မတ တိုလမ်၏ ဗီယက်နမ်ခရီးစဉ် ဖိတ်ကြားချက် ပေးပို့ခဲ့≋ သတင်းအပြည့်အစုံ 👇👇👇👇👇👇👇
Открыть канал и посмотреть медиаတိဘက် Gyirong နယ်စပ်တွင် မြေပြိုရေကြီးမှုဖြစ်ပွား၊ လူအများ ထိခိုက်သေဆုံးနိုင်ပြီး ကယ်ဆယ်ရေးလုပ်ငန်းများ ဆက်လက်ဆောင်ရွက်နေ 𝙈𝙃𝙏𝙉𝙀𝙒𝙎《𝘼𝙐𝙂~𝟐𝟔》 တရုတ်-နီပေါ နယ်စပ်ရှိ တိဘက်ဒေသ Gyirong (ဂျီရွန်) ခရိုင်တွင် ဩဂုတ် ၂၆ ရက် နံနက်ပိုင်းက မြေပြိုရေကြီးမှု ဖြစ်ပွားခဲ့ရာ လူအများ ထိခိုက်သေဆုံးနိုင်ပြီး ပျောက်ဆုံးသူများ ရှိနေကြောင်း တရုတ်အစိုးရမီဒီယာများက ဖော်ပြထားသည်။ ဖြစ်စဉ်မှာ ၂၀၂၆ ခုနှစ် ဩဂုတ် ၂၆ ရက် နံနက် ၁၀ နာရီခွဲခန့်တွင် နီပေါနိုင်ငံဘက်ခြမ်း၌ ဖြစ်ပေါ်ခဲ့သော မြေပြိုမှုနှင့် ရုတ်တရက်ရေကြီးမှုများကြောင့် တိဘက်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ရှီဂတ်ဆေး (Shigatse) မြို့ရှိ Gyirong Port (တရုတ်-နီပေါ နယ်စပ်ကုန်သွယ်ရေးဂိတ်) သို့ ထိခိုက်မှုများ ဖြစ်ပေါ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ မြေပြိုရေစီးကြောင်းများကြောင့် Gyirong နယ်စပ်ကုန်သွယ်ရေးဧရိယာအတွင်း လမ်းပန်းဆက်သွယ်ရေး၊ လျှပ်စစ်ဓာတ်အားနှင့် ဆက်သွယ်ရေးစနစ်များ ပြတ်တောက်ခဲ့ပြီး ကယ်ဆယ်ရေးအဖွဲ့များက ပျောက်ဆုံးနေသူများကို ရှာဖွေရေးလုပ်ငန်းများ စတင်ဆောင်ရွက်နေကြောင်း တရုတ်သတင်းအေဂျင်စီ Xinhua က ဖော်ပြထားသည်။ လက်ရှိအချိန်အထိ တရုတ်ဘက်ခြမ်း Gyirong တွင် သေဆုံးသူ၊ ဒဏ်ရာရသူ အရေအတွက်ကို တိတိကျကျ ထုတ်ပြန်ခြင်း မရှိသေးသော်လည်း “အများအပြား ထိခိုက်မှုရှိနိုင်ပြီး ပျောက်ဆုံးသူများ ရှိနေသည်” ဟု တရုတ်အာဏာပိုင်များက ပြောကြားထားသည်။ တရုတ်သမ္မတ ရှီကျင့်ဖျင်ကလည်း ပျောက်ဆုံးသူများကို အမြန်ဆုံးရှာဖွေကယ်ဆယ်ရန်၊ ဒဏ်ရာရသူများကို အရေးပေါ်ကုသမှုပေးရန်နှင့် ထိခိုက်ဆုံးရှုံးမှုများ လျှော့ချနိုင်ရေးအတွက် ကယ်ဆယ်ရေးလုပ်ငန်းများကို အပြည့်အဝ ဆောင်ရွက်ရန် ညွှန်ကြားထားကြောင်း သိရသည်။ အဆိုပါဖြစ်စဉ်သည် တိဘက်နှင့် နီပေါနယ်စပ်တစ်လျှောက် ဖြစ်ပွားခဲ့သော ရုတ်တရက်ရေကြီးမှုကြီး၏ တစ်စိတ်တစ်ပိုင်းဖြစ်ပြီး နီပေါဘက်ခြမ်းတွင်လည်း ကျေးရွာများ၊ လမ်းများ၊ တံတားများနှင့် စွမ်းအင်ဆိုင်ရာ အခြေခံအဆောက်အအုံများ ထိခိုက်ပျက်စီးခဲ့ကာ သေဆုံးသူများနှင့် ပျောက်ဆုံးသူများ ရှိနေကြောင်း သတင်းများက ဖော်ပြထားသည်။ လက်ရှိရရှိထားသည့် သတင်းများအရ သေဆုံး၊ ပျောက်ဆုံးသူ အရေအတွက်ကို တရားဝင် အတည်ပြုထုတ်ပြန်ခြင်း မပြီးသေးသဖြင့် နောက်ထပ်သတင်းများ ထပ်မံထွက်ပေါ်လာနိုင်ကြောင်း သိရသည်။ (မှတ်ချက် - လူမှုကွန်ရက်များတွင် ပျံ့နှံ့နေသည့် “အဆောက်အအုံနှင့် အခြေခံအဆောက်အအုံအားလုံး စက္ကန့်ပိုင်းအတွင်း မျောပါသွားသည်” ဆိုသည့် ဗီဒီယိုစာတန်းမှာ ဖြစ်ရပ်၏ ပြင်းထန်မှုကို ဖော်ပြရန် ချဲ့ကားရေးသားထားနိုင်သော်လည်း၊ Gyirong နယ်စပ်ဒေသတွင် အမှန်တကယ် မြေပြိုရေကြီးမှု ဖြစ်ပွားခဲ့ခြင်းမှာ အတည်ပြုနိုင်သည်။)
Открыть канал и посмотреть медиаUNESCO Global Geopark သတ်မှတ်ခံရရေး ပုပ္ပားတောင်အမျိုးသားဥယျာဉ်နှင့် ဘူမိနယ်မြေများ ဖွံ့ဖြိုးတိုးတက်ရေး ဆက်လက်ဆောင်ရွက်မည် 𝙈𝙃𝙏𝙉𝙀𝙒𝙎《𝘼𝙐𝙂~𝟐𝟏》 အမျိုးသားအဆင့် ဘူမိဥယျာဉ်ဆိုင်ရာကော်မတီ၏ (၁/၂၀၂၆) အစည်းအဝေးကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ သစ်တောဦးစီးဌာနရုံးချုပ် အင်ကြင်းခန်းမ၌ ကျင်းပခဲ့သည်။ အစည်းအဝေးတွင် လုပ်ငန်းလိုအပ်ချက်များအရ လုပ်ငန်းကော်မတီနှင့် နည်းပညာအဖွဲ့များကို ပြင်ဆင်ဖွဲ့စည်းရေး၊ ဘူမိနယ်မြေများ ထပ်မံတိုးချဲ့ဖွဲ့စည်းနိုင်ရေးနှင့် ပုပ္ပားတောင်အမျိုးသားဥယျာဉ်အပါအဝင် Geosites များကို အခြေခံသည့် ဘူမိခရီးသွားလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လာစေရေး ဆွေးနွေးခဲ့ကြသည်။ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဆန်းဦးက ပုပ္ပားတောင်အမျိုးသားဥယျာဉ်နှင့် Geosites များအား ပြည်ပခရီးသွားများ ပိုမိုသိရှိလာစေရေး၊ UNESCO ကမ္ဘာလုံးဆိုင်ရာ ဘူမိဥယျာဉ် (UNESCO Global Geopark) အဖြစ် သတ်မှတ်ခံရရေးအတွက် ကျန်ရှိနေသည့် လုပ်ငန်းများကို သက်ဆိုင်ရာဝန်ကြီးဌာနများနှင့် ပေါင်းစပ်၍ သတ်မှတ်ချက်များနှင့်အညီ ဆက်လက်ဆောင်ရွက်သွားရန် ပြောကြားခဲ့သည်။ 𝗥𝗲𝗮𝗱 𝗠𝗼𝗿𝗲.. Ссылка скрыта
Открыть канал и посмотреть медиаUNHCR နှင့် ပူးပေါင်း၍ နေရပ်စွန့်ခွာသူများ ပြန်လည်လက်ခံရေး လုပ်ငန်းစဉ်များ ဆက်လက်ဆောင်ရွက်ရန် ဆွေးနွေး 𝙈𝙃𝙏𝙉𝙀𝙒𝙎《𝘼𝙐𝙂~𝟐𝟏》 လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးရဲထွန်းဦးသည် ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) မြန်မာနိုင်ငံဆိုင်ရာ ဌာနေကိုယ်စားလှယ် Mr. Barnaby Jones နှင့်အဖွဲ့အား ဩဂုတ် ၂၀ ရက် မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ ဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ လက်ခံတွေ့ဆုံခဲ့သည်။ တွေ့ဆုံစဉ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ UNDP နှင့် UNHCR တို့အကြား သုံးပွင့်ဆိုင်နားလည်မှုစာချွန်လွှာ (MoU) မူဘောင်အရ ဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းများ၊ ဆက်လက်အကောင်အထည်ဖော်မည့် အစီအစဉ်များနှင့် ပူးပေါင်းဆောင်ရွက်ရေးကိစ္စရပ်များကို ဆွေးနွေးခဲ့ကြသည်။ ထို့ပြင် UNHCR ၏ နိုင်ငံခြားသားဝန်ထမ်းများ ပြည်ဝင်ဗီဇာနှင့် နေထိုင်ခွင့်ဆိုင်ရာ ကိစ္စရပ်များကို သတ်မှတ်လုပ်ထုံးလုပ်နည်းများနှင့်အညီ ဆောင်ရွက်ပေးနေမှု၊ ရခိုင်ပြည်နယ်မြောက်ပိုင်းမှ ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ နေရပ်စွန့်ခွာသွားသူများ ပြန်လည်လက်ခံရေးအတွက် စိစစ်ဆောင်ရွက်နေမှုများ.... 𝗥𝗲𝗮𝗱 𝗠𝗼𝗿𝗲.. Ссылка скрыта
Открыть канал и посмотреть медиаပြည်တွင်း၌ ခြင်ဆီအစားထိုးကုသမှုများ အောင်မြင်စွာ ဆက်လက်ဆောင်ရွက်နိုင်ခဲ့ပြီး လူနာ ၁၀၃ ဦး ကုသပေးနိုင်ခဲ့ 𝙈𝙃𝙏𝙉𝙀𝙒𝙎《𝘼𝙐𝙂~𝟐𝟏》 သွေးနှင့် ခြင်ဆီကင်ဆာရောဂါ လူနာများအတွက် လိုအပ်သည့် အဆင့်မြင့်ကုသမှုတစ်ရပ်ဖြစ်သည့် ခြင်ဆီအစားထိုးကုသမှု (Bone Marrow Transplant) ကို ရန်ကုန်ပြည်သူ့ဆေးရုံကြီးနှင့် မြောက်ဥက္ကလာပပြည်သူ့ဆေးရုံကြီးတို့တွင် ပုံမှန်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။ မြောက်ဥက္ကလာပပြည်သူ့ဆေးရုံကြီး သွေးရောဂါအထူးကုဌာန၊ ခြင်ဆီအစားထိုးဌာနတွင် ၂၀၂၆ ခုနှစ် ဇူလိုင်လအတွင်း တနင်္သာရီတိုင်းဒေသကြီးမှ အသက် ၄၉ နှစ်အရွယ် အမျိုးသမီးတစ်ဦး၊ ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့သစ် (မြောက်ပိုင်း) မြို့နယ်မှ အသက် ၅၁ နှစ်နှင့် ၅၉ နှစ်အရွယ် အမျိုးသားနှစ်ဦး၊ ပဲခူးတိုင်းဒေသကြီး သာယာဝတီမြို့နယ်မှ အသက် ၄၉ နှစ်အရွယ် အမျိုးသားတစ်ဦး စုစုပေါင်း လူနာလေးဦးကို ခြင်ဆီအစားထိုးကုသမှု ဆောင်ရွက်ပေးခဲ့ရာ လူနာများအားလုံး ကျန်းမာရေးကောင်းမွန်သဖြင့် ဩဂုတ်လဆန်းတွင် ဆေးရုံမှ ဆင်းခွင့်ရရှိခဲ့သည်ဟုဆိုသည်။ အဆိုပါကုသမှုများကို ဆေးရုံအုပ်ချုပ်မှုအဖွဲ့၏ ပံ့ပိုးမှုဖြင့် သွေးရောဂါအထူးကု ဆရာဝန်ကြီးများ၊ ဆက်စပ်.. 𝗥𝗲𝗮𝗱 𝗠𝗼𝗿𝗲.. Ссылка скрыта
Открыть канал и посмотреть медиаလေးမျက်နှာရေဘေးအခြေအနေ တဖြည်းဖြည်းတိုးတက်၊ ဆက်သွယ်ရေးဝန်ဆောင်မှု ၃၅ ရာခိုင်နှုန်း ပြန်လည်ရရှိ 𝙈𝙃𝙏𝙉𝙀𝙒𝙎《𝘼𝙐𝙂~𝟕》 ဧရာဝတီတိုင်းဒေသကြီး လေးမျက်နှာမြို့နယ်တွင် ငဝန်ရေကာတာ တာတမံနိမ့်ကျပျက်စီးမှုကြောင့် ဖြစ်ပေါ်ခဲ့သည့် ရေဘေးအခြေအနေမှာ တဖြည်းဖြည်း ပြန်လည်ကောင်းမွန်လာနေပြီး မြို့ပေါ်ရပ်ကွက်များရှိ ရေများလည်း ကျဆင်းလာကာ ဆက်သွယ်ရေးဝန်ဆောင်မှုများ၏ ၃၅ ရာခိုင်နှုန်းခန့်ကို ပြန်လည်အသုံးပြုနိုင်ပြီဖြစ်ကြောင်း သိရသည်။ လက်ရှိတွင် မြို့နယ်အတွင်းရှိ မိုဘိုင်းဆက်သွယ်ရေးစခန်း ၁၃ ခုအနက် ရေဘေးကြောင့် ယာယီဖြုတ်သိမ်းထားသည့် စခန်း ၆ ခုနှင့် Hub Site ထိခိုက်မှုကြောင့် ဆက်သွယ်မှုပြတ်တောက်ခဲ့သည့် စခန်း ၆ ခုရှိခဲ့သော်လည်း နင်းကြမ်း၊ ကျတ်ကွင်းနှင့် ယင်းဆယ်ကျေးရွာတို့ရှိ စခန်း ၃ ခုကို ပြန်လည်ချိတ်ဆက်နိုင်ခဲ့ပြီး ခမောက်စုကျေးရွာစခန်းမှာလည်း ပုံမှန်ဝန်ဆောင်မှုပေးလျက်ရှိကြောင်း သိရသည်။ ထို့ပြင် စာရေးကွင်းကျေးရွာ ရေဘေးကွပ်ကဲရေးရုံးတွင် Cell on Wheel (COW) မိုဘိုင်းစခန်းတပ်ဆင်ထားပြီး B2B Satellite Terminal များကို စာရေးကွင်းနှင့် ဆိတ်နို့ကုန်းကျေးရွာရှိ ရေဘေးကယ်ဆယ်ရေးစခန်းများတွင် တပ်ဆင်ကာ အရေးပေါ်ဆက်သွယ်ရေးဝန်ဆောင်မှုများကို ဆောင်ရွက်ပေးလျက်ရှိသည်။ ရေဘေးအခြေအနေအရ လေးမျက်နှာမြို့ရှိ အနိမ့်ပိုင်းနှင့် အမြင့်ပိုင်းရပ်ကွက်များတွင် ရေပြန်လည်ကျဆင်းနေပြီး ဩဂုတ် ၆ ရက် ညနေ ၆ နာရီမှ ဩဂုတ် ၇ ရက် နံနက် ၆ နာရီအထိ ၁၂ နာရီအတွင်း အနိမ့်ပိုင်းရပ်ကွက် (၅) ခုနှင့် အမြင့်ပိုင်းရပ်ကွက် (၃) ခုတို့တွင် ရေမှတ် ၀ ဒသမ ၂ ပေစီ လျော့ကျခဲ့ကြောင်း သိရသည်။ ရေဘေးသင့်ပြည်သူများအတွက် ကူညီကယ်ဆယ်ရေးနှင့် ထောက်ပံ့ရေးလုပ်ငန်းများကိုလည်း ဆက်လက်ဆောင်ရွက်လျက်ရှိရာ ဩဂုတ် ၇ ရက်အထိ လူဦးရေ ၄၀,၀၀၀ ကျော်အား အခြေခံစားသောက်ကုန်များနှင့် ဆန်ရိက္ခာများ ထောက်ပံ့ပေးခဲ့ပြီး စုစုပေါင်း ထောက်ပံ့ငွေမှာ ကျပ် ၁၄၆ ဒသမ ၆၇၆ သန်းကျော်ရှိပြီဖြစ်ကြောင်း သိရသည်။ ထို့အပြင် မြို့အုပ်ချုပ်ရေးမှူးများနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများက ရေဝင်ရောက်မှုနှင့် ဘေးအန္တရာယ်အခြေအနေများကို အနီးကပ်စောင့်ကြည့်လျက်ရှိပြီး ရေဘေးစိုးရိမ်ရမှုအခြေအနေများမှာလည်း တဖြည်းဖြည်း လျော့နည်းလာနေကြောင်း သိရသည်။
Открыть канал и посмотреть медиаလေးမျက်နှာရေဘေးအခြေအနေ တဖြည်းဖြည်းတိုးတက်၊ ဆက်သွယ်ရေးဝန်ဆောင်မှု ၃၅ ရာခိုင်နှုန်း ပြန်လည်ရရှိ
Открыть канал и посмотреть медиаMHTNewsရဲ့(07-08-2026)ရက်နေ့အတွက်သတင်းသုံးသပ်ချက်မှာတော့ (၁)ထိုင်းခရီးစဉ်မှ မြန်မာနိူင်ငံအတွက်ဘာတွေသယ်ဆောင်လာနိူင်ခဲ့သလဲ၊ (၂)ဒေါ်အောင်ဆန်းစုကြည်ကိုဘာကြောင့်ပြန်ပြီးပွဲထုတ်လာကြတာလဲ၊ (၃)ထိုင်း-မြန်မာပူးတွဲကြေညာချက်အားသုံးသပ်ခြင်း၊ စတာတွေအပါအဝင် လတ်တလောဖြစ်ပျက်နေတဲ့ ကမ္ဘာနဲ့မြန်မာ့အရေးတွေကိုသုံးသပ်ထားပါတယ်။ K-pay နံပါတ် (09673427358)မှတဆင့် MHT News ကိုကူညီနိူင်ပါတယ်။ #mhtnews
Открыть канал и посмотреть медиаSolo los usuarios registrados pueden compartir su opinión.
¡Sé el primero en compartir tu experiencia con este recurso!
Gran canal de fansKashmirNews de Cachemira: Política, Sociedad y Eventos Regionales.
Mensajes anónimos de Sergiev Posad. Discusiones y eventos.